အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် နိုင်ငံ ၏ အကျော်အမော် ရှီအဟ် အိုလမာ မှ တစ်ပါးဖြစ်ပြီး ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် တော်လှန်ရေးသမားများထဲမှ တစ်ဦးဖြစ်သည့် ပညာ ရှင်၊သက္က်ဝါးရှင် အီမာန် ရှင် ရှိက်ခ် အလာမဟ် ဟစန် သွရာဒ် သည် သက်တော် ၉၃ နှစ် တွင် အလ္လာဟ့် အမိန့်တော် ခံယူ သွား ကြောင်း သိရှိရပါတယ်။
ဤ အကျော်အမော် ပညာရှင်သည် လက်ဘနွန်တွင် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် အစ္စလာမ်မစ် တော်လှန် ရေး ကို ထောက်ခံသူဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းရှိ ဇီယွန်ဝါဒီရန်သူကို ဆန့်ကျင်သည့် တော်လှန်ရေး တပ်ဖွဲ့ များ ၏ အာဇာနည်စစ်ဆင်ရေးများကို ပံ့ပိုးကူညီခဲ့သူဖြစ်ပါတယ်။
ရှိက်ခ် အလာမဟ် ဟစန် သွရာဒ် သည် ဖေက်ဟ် ပညာရှင်ကြီးများ ဆရာတော်ကြီးများထံ တွင် သာသနာ ပညာရပ်များ ကို သင်ယူခဲ့ပြီး ရှဟီးဒ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် ဆဒ်ရ် နှင့် အေမာမ် မူစာ ဆဒ်ရ် တို့ နှင့် အတူ နယ်ပယ်အသီးသီးတွင် လုပ်ဆောင် ခဲ့သူ ဖြစ်ပါတယ်။
အတ္ထုပ္ပတ္တိ
အလာမဟ် ဟစန် သွရာဒ် ကို လက်ဘနွန်တောင်ပိုင်း မအ်ရေကဟ် မြို့မှာ၁၉၃၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အလာမဟ် ဟစန် သွရာဒ် သည် မိသားစုတွင် အငယ်ဆုံးသားဖြစ်ပြီး မိဘများက ဘာသာရေးဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားသောကြောင့် ဘာသာရေးပညာရပ်များကို စတင်သင်ယူစေခဲ့ပါတယ်။ အလာမဟ် ဟစန် သွရာဒ် သည် ဂျဗလ် လေ အာမေလ် ရှိ သာသနာ့ ပညာရှင်များ ထံ ပညာသင်ယူခဲ့ပါတယ်။
အလာမဟ် ဟစန် သွရာဒ် သည် ၁၉၅၂ ခုနှစ် တွင် မရ်ဟွန်မ် အာယာသွလ္လာဟ် ဆယက်ဒ် ရှရ်ဖွန်ဒ်ဒီးန် ထံ ရောက်ရှိခဲ့ပါတယ်။ပြီးနောက် ပညာသင်ကြားခဲ့ပါတယ်။ ဤအထင်ကရပညာရှင်သည် ၁၉၅၄ ခုနှစ်တွင် နဂျဖ် ဖေအရှ်ရဖ် သို့သွားရောက်ခဲ့ပြီး ၂၇ နှစ် နှစ်ကြာနေထိုင်ခဲ့ပြီး နဂျဖ် ဖေအရှ်ရဖ် မြို့ ရှိ မရ်ဂျာများ နှင့် အိုလမာ ထံ အဆင့်မြင့် သာသနာ့ ပညာရပ်များ ကို ဆည်းပူး ခဲ့ပါတယ်။
အလာမဟ် ဟစန် သွရာဒ် သည် နဂျဖ် မြို့ တွင်နေထိုင်စဉ်အတွင်း အေမာမ် ခုမေနီ (ရ.ဟ) နှင့် အေမာမ် မူစာ ဆဒ်ရ် တို့နှင့်ရင်းနှီးသောဆက်ဆံရေးရှိခဲ့ပါတယ်။ အလာမဟ် ဟစန် သွရာဒ် သည် ၁၉၈၁ ခုနှစ်တွင် လက်ဘနွန် နိုင်ငံ သို့ ပြန်လာခဲ့ပြီး ရှေ့ဆောင် အေမာမ်အဖြစ် တာဝန် ထမ်းဆောင် ရင်း သာသနာပြုခြင်းနှင့် လူမှုရေး လုပ် ငန်း များတွင် အကျိုးဆောင်ပေးခဲ့ပါတယ်။
အလာမဟ် သည် ဟောင်ဇေလ်အေလ်မီယေ တွင် နှစ်ပေါင်းများစွာ သာသနာ့ ပညာရပ်များ ကို သင်ကြား ပေးခဲ့ပြီး ထူးချွန် ကျောင်းသား အများ အပြားသည် အလာမဟ် ၏ တပည့်များ ဖြစ်ကြပါတယ်။
အလာမဟ် ဟစန် သွရာဒ် သည် လက်ဘနွန်တောင်ပိုင်းရှိ ဇီယွန်ဝါဒီစစ်သားများကို တိုက်စစ်ဆိုင်ရာ စစ်ဆင် ရေးများကို ခွင့်ပြုပေးခဲ့သည့် ပထမဆုံးသော ပညာရှင်တစ်ဦးဖြစ်ပါတယ်။
မရ်ဟွန်မ် အလာမဟ် ဟစန် သွရာဒ် « အစ္စလာမ့်ဗျာဒိတ်တော်မှ » ၊ « အစ္စလာမ့်ဥပုသ်ဒဿနိက » ၊ « အစ္စလာမ်တွင် ဟ့ဂ်ျဒဿန »၊ « အစ္စလာမ် တွင် နမာဇ် ၏ ဒဿန »၊ « အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး မှ သွန်သင် ပြုပြင်ရေး သင်ခန်းစာများ » ၊ « ပြစ်မဲ့ ၁၄ ပါး ၏ ဘဝ သမိုင်း » အပါအဝင် စာအုပ် များ စွာကို ရေးသားသီးကုံးခဲ့ပါတယ်။
.......................................................
END / 251