အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၆ ခုနှစ် ကျဲဟ်လွန်မ် (ခ) အရ်ဗအီးန် အေမာမ်ဟိုစိုင်းန် (အ.စ) အတွက် ကရ်ဗလာ သွားရန် မိုမေနာ အမည်မဖော်လိုသူ အီရန်လူမျိုး တက္ကသိုလ်ကျောင်းသူတစ်ဦး မှ ငွေစုခဲ့ပါတယ်။
တစ်နေ့အီရန် နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသား ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် တစ်ပါး မုဟော်ရမ် တရားဟောဖို့ သွားမှာ ဖြစ်ကြောင်း သူဆီ သတင်း ရောက်သွားပါ တယ် ။
သူမအနေဖြင့် နိုင်ငံခြားသား ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကို ဆက်သွယ်ပြီး သူမ အနေဖြင့် ဒီနှစ် ကျဲဟ်လွန်မ် ကရ်ဗလာမှာ လုပ်ဖို့ စုထားသည့် ငွေ (အီရန်ငွေ ၁၀ သိန်း ) ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ထံ ဘဏ်မှ တဆင့်လွဲပေးခဲ့ပါတယ်။
သူမပြောတဲ့စကားလေးတစ်ခွန်း ကတော့ ...
« ကျမ ကရ်ဗလာ သွားဖို့ ဒီငွကို သုံးထားထက် ၊ ကျမရဲ့ အေမာမ် ဟိုစိန် (အ.စ) အတွက် တရားသွားဟောပေးမဲ့ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အတွက်ခရီးစရိတ်အဖြင့် သုံးတာ ကို ကျမ မောင်လာ ဟိုစိုင်းန် (အ.စ) ပိုပြီး နှစ်သက် သဘောကျမယ်ထင်တယ် ... »
အလ္လာဟ်ဟိုအက္က်ဗရ် ... နှလုံးသည်းပွတ် ကို ထိစေသည့် လုပ်ရပ်ဖြစ်ပါတယ်။
ကျနော်တို့အားလုံး သံဝေဂယူ စံပြုနိုင်ကြရန် ဟလလ် ငွေများ ကို အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အကျိုးရှိရှိ အသုံးပြုနိုင် ပြီး စတေးနိုင်ကြရန် ကြိုးပမ်းရမည်ဖြစ်ပါတယ်။
.......................................................
END / 251