၁၈ ဩဂုတ် ၂၀၂၄ - ၁၁:၅၀
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် အတွက် ခြေလျင် သွားသူများ ၏ အကျိုးဆဝါးဗ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် အတွက် ခြေလျင် သွားသူများ ၏ အကျိုးဆဝါးဗ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

الامام الصادق (عليه السلام):

مَن أتى قَبرَ الحُسَینِ(ع) ماشِیا کَتَبَ اللّهُ لَهُ بِکُلِّ خُطوَهٍ ألفَ حَسَنَهٍ، ومَحا عَنهُ ألفَ سَیِّئَهٍ، ورَفَعَ لَهُ ألفَ دَرَجَهٍ .

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူ မဆို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ကို ခြေလျင် လမ်းလျှောက် ပြီးသွားမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း၏ ခြေလှမ်း တိုင်း အစား ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်တော်မူမည် ။ ထိုပြင် မကောင်းမှု အကုသိုလ် တစ်ထောင်အား ပယ်ဖျက်ပေးတော်မူမည်ဖြစ်ပါသည်။ထိုပြင် ၎င်’၏ အဆင့် အတန်း အား တစ်ထောင် မြင့်စေတော်မူမည် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ ၂၅၅

မှတ်သားစရာများ -

*အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် အတွက် ဆိုပြီး မိမိနေအိမ် မှ စထွက် သည် ‌ခြေလှမ်း မှ စတင်၍ ဟဒီးစ်တော် လာ အကျိုး ဆဝါးဗ်များ ကို ရရှိမည် ဖြစ်ပါတယ်။

*အင်န်ရှာအလ္လာဟ် - အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခြေလျင် ဇေယာရသ် အတွက် ငွေရေးကြေးရေး ကူညီသူများ ၊ သွားဖို့လာဖို့ စီစဥ် ကူညီသူများ၊ တည်းဖို့ စားဖို့ စသည်ဖြင့်  ကူညီသူများ စသည်တို့သည် လည်း အကျိုး တူ ဆဝါးဗ်များ ကို ရရှိမည် ဖြစ်ပါတယ်။

*အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခြေလျင် ဇေယာရသ် အတွက် သွားနေသည့် ဖြစ်၍ စိတ်ထား စိတ်ဓာတ်သည်လည်း ဟိုစိုင်းန်နီ စိတ်နေစိတ်ထား ဖြစ်ဖို့ ၊ အပြင်သွဟာရသ် (ဝဇူ(သို့) ဂိုစ်လ် (သို့) သယမွန်မ်) ၊ အတွင်း သွဟာရသ် ( ယုတ်ညံ့သည့်စိတ် ၊ မနာလိုစိတ်၊ ရန်လိုစိတ် ၊ အမုန်းပွားစိတ် ၊ ပြဿနာ ရှာလိုစိတ် ၊ ဘက်လိုက်စိတ် ၊ တဏာ စိတ် ၊ လောဘ ၊ဒေါသ၊မောဟ စိတ် စသည် ဖြင့် ကင်းရှင်းခြင်း ) ရှိဖို့ လို့ပါတယ်။

*အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခြေလျင် ဇေယာရသ် အတွက် လိုက်နာကျင့်သုံးရမည့် သာသနာ့ သွန်သင်ဆုံးမ မှုများ စည်းမျဥ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။

*အခြားရီဝါယသ်တော်များအရ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် အတွက်မအ်ရေဖသ် ရှိရန် လည်း အရေးကြီး လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် မအ်ရေဖသ် ရှိကို ရှိရမည် ဖြစ်ပါတယ်။အလွယ်ကူဆုံးပြောရလျင် မအ်ရေဖသ်သေ အေမာမ်ဟိုစိုင်းန် (အ.စ) ဆိုသည် မှာ အေမာမ် ၏ သြဝါဒတော်များ သိရှိ နားလည်ပြီး လက်တွေ့ကျင့်သုံး ခြင်းကို ခေါ်ဆို ခြင်း ဖြစ်ပါတယ်။

*အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ခြေလျင် ဇေယာရသ် အတွက် သုံးမည့် ငွေကြေး စရိတ်များ သည်လည်း ဟလာလ် ဖြစ်ဖို့ လိုပါတယ်။ ခွမ်းစ်ထိုက်၍ ခွမ်းထုတ်ထားသည့် ငွေဖြစ်လျင် သို့မဟုတ် လိုရမယ်ရ ခွမ်းစ် ထုတ်ထားသည့် ငွေ ဖြစ်လျင် ပို၍ ကောင်းပါတယ်။

****************************************************************

END / 251