အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
زُورُوا كَرْبَـلا وَ لا تَقْطَـعُوهُ فَإِنَّ خَيْرَ أَوْلادِ اْلأَنْبياءِ ضَمِنَتْه ....
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကရ်ဗလာသို့ ဇေယာရသ် ပြုရန် သွားပါလေ ။ ဇေယာရသ် အား လက်မလွတ်ပါစေနှင့်။ အကြောင်း သည်ကား အန်ဗီယာ (အ.စ) ၏ အကောင်း တကာ အကောင်း ဆုံး သားသမီးများ ကို ကရ်ဗလာ မှ မိမိ ၏ ရင်ခွင် တွင် နေရာပေးထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ »
ကျမ်းကိုး ။ ။ ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ ၂၆၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကရ်ဗလာ သို့ ဇေယာရသ် ပြုရန် ဘာကြောင့် ဆို သည့် အချက်ကို ထင်ရှားစွာ တွေ့မြင် ရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) သည် အန်ဗီယာ (အ.စ) ၏ အကောင်း တကာ အကောင်း ဆုံး သားသမီးများ မှ တစ်ဦး ဖြစ်ပြီး ကိုယ်တော်၏ ရောင်ဇာ တော်မြတ် သည် ကရ်ဗလာ တွင် ရှိနေပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ကို အချစ်မေတ္တာ ထားသူတိုင်း နှစ်စဥ် သို့မဟုတ် နှစ်ခြား၍ သို့မဟုတ် အနည်းဆုံး ဘဝတွင် တစ်ကြိမ်ခန့် ကရ်ဗလာ တွင် အေမာမ် (အ.စ) ၏ ဇေယာရသ် ပြုနိုင်စွမ်း အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့် ပေးသနားတော် မူပါစေ။
****************************************************************
END / 251