၅ စက်တင်ဘာ ၂၀၂၄ - ၁၁:၅၉
   ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုခြင်း ၏ ရလဒ်

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုခြင်း ၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါ တယ်။

 

قال الامام الحسن المجتبی علیه:

 

مَن قَرَأ القرآنَ كانَت لَهُ دعوةٌ مُجابةٌ إمّا مُعَجَّلَةً و إمّا مُؤَجَّلةً .

 

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင် မည်သူမဆို ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်ပြု၏ ဒိုအာတစ်ခု သည် အနှေး နှင့် အမြန် (အလ္လာဟ် ထံတော်တွင် ) ကဘူလ် ဖြစ်မည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ ၉၃ ၊ ၃၁၃ ၊၁၇

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အား အလေးပေးပြီးဖြစ်နိုင်လျင် နေ့စဥ်သေလာဝသ် ပြုရမည် ဖြစ်ပါတယ်။ လမြတ်ရမ်ဒွါန် မှာသာ သေလာဝသ် ပြုခြင်း မျိုး မဟုတ်ဘဲ နေ့စဥ် သေလာဝသ် ပြုနိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဤနည်းဖြင့် အေမာမ် ဟစန် (အ.စ) မိန့်ကြားတော် မူထားသည့် အတိုင်း အကျိုးရလဒ် ကို ရရှိ မှာ ဖြစ်ပါတယ်။

****************************************************************

END / 251