၂ အောက်တိုဘာ ၂၀၂၄ - ၀၈:၂၃
ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများသည် သည်းမခံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိ / ဗိုလ်ချုပ်ကြီး ဘာကဲရ်ရီ

အာဇာနည် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် အား လုပ်ကြံ တိုက်ခိုက်ပြီးနောက် ဇီယွန်ဝါဒီ အစိုးရ၏ ရာဇ၀တ်မှုများ သည် သည်းမခံနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မုဟမ္မဒ် ဘာကဲရ်ရီ မှ ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မုဟမ္မဒ် ဘာကဲရ်ရီ မှ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လေတပ်သည် "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ " ကို လုပ်ဆောင်ခြင်းဖြင့် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါ တယ်။

တီဟီရန်တွင် ဇီယွန်ဝါဒီအစိုးရမှ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် အာဇာနည် အီစ္စမာအီ ဟနီယေဟ် လုပ်ကြံခံရပြီးနောက် နှစ်လအတွင်း အခက်အခဲဆုံးကာလ ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံများက ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးကို ကတိကို အီရန် အား ပေးပြီး အစ္စရေးကို  အီရန် မှ လက်တုံ့ပြန်ခြင်းမပြုရန် မေတ္တာရပ်ခံ တောင်းဆို ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မုဟမ္မဒ် ဘာကဲရ်ရီ မှဆက်လက် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဇီယွန်အစိုးရသည် ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်တို့တွင် အပြစ်မဲ့ပြည်သူများကို အမေရိကန်၏ ပံ့ပိုးမှုဖြင့် ဆက်လက် သတ်ဖြတ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ခေါင်းဆောင် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် နှင့် ဗိုလ်မှူးချုပ်  ရှဟီးဒ် အဘာစ် နီးလ်ဖရူရှန်း တို့၏ ကျဆုံးပြီးနောက် ဇီယွန်ဝါဒီ ရာဇ၀တ်မှုများသည် သည်းမခံနိုင်စရာ ဖြစ်လာခဲ့ကြောင်း ဤအခါသမယတွင်လည်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်များသည် လိုအပ်သည့်အချက်များကို လျစ်လျူရှုခဲ့ပြီး ဒုံးကျည်တိုက်ခိုက်မှုတွင် ဇီယွန်စစ်တပ်၏ အရေးကြီးသောဗဟိုများကိုသာ ပစ်မှတ်ထားသည်ဟု အီရန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မုဟမ္မဒ် ဘာကဲရ်ရီ မှ ဆက်၍ ပြောကြားခဲ့တယ်။

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများသည် ဇီယွန်စစ်တပ်၏ အဓိကအခြေစိုက်စခန်းသုံးခု၊ မော့ဆက်ဌာနချုပ်၊ F-35 လေယာဉ်အတွက် Nawatin လေယာဉ်ကွင်းနှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ကို လုပ်ကြံ တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် Hatsarin လေတပ်စခန်းတို့ကို ထိခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိသော်လည်း အီရန်သည် ဇီယွန်ဝါဒီများ၏ စီးပွားရေးနှင့် စက်မှုစင်တာများကို ပစ်မှတ်ထားခြင်းမှ ရှောင်ကြဉ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ် တော်လှန်ရေးအစောင့်တပ်များ နှင့် အီရန်စစ်တပ်တို့သည် ယခုကဲ့သို့ စစ်ဆင်ရေးများကို ထပ်မံလုပ်ဆောင်နိုင်စွမ်း အပြည့်ရှိကြောင်း ဗိုလ်ချုပ်ကြီး မုဟမ္မဒ် ဘာကဲရ်ရီ မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251