၂ အောက်တိုဘာ ၂၀၂၄ - ၁၂:၅၉
အကယ်၍ အစ္စရေး အနေဖြင့် တုံ့ပြန်မှု အသစ်တစ်ခုခုကို ပြုလုပ်ပါက မိမိတို့ အနေဖြင့် နောက်ထပ်ဤထက်  ပိုမိုဆိုးရွားသည် အဖြေပေးမည် / ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်

အကယ်၍ အစ္စရေး အနေဖြင့် တုံ့ပြန်မှု အသစ်တစ်ခုခုကို ပြုလုပ်ပါက မိမိတို့ အနေဖြင့် နောက်ထပ်ဤထက် ပိုမိုဆိုးရွားသည် အဖြေပေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် မှ ပြောကြားလိုက်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများအရ ကုလသမဂ္ဂဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ဆိုင်ရာ သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ မှ နယူးယောက် ဒေသစံတော်ချိန် အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဇီယွန်စစ်အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အီရန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး အာဏာပိုင်တွေကို တိုက်ခိုက်နေသည့် အတွက်  အီရန် အစ္စလာမ္မ်မစ် ပြည်သူ့ သမ္မတနိုင်ငံ မှ တုံ့ပြန်မှုသည် တရားဥပဒေ ညီပြီး ယုတ္တိဆန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် ၏ အခုလို တုံ့ပြန်မှုကြောင့် အစ္စရေး (ခ) ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုအသစ်များ ဖြစ်ပေါ် လာပါက အီရန် ၏ နောက်ထပ်တုံ့ပြန်မှုသည် ဆိုးရွားလိမ့်မည်ဖြစ်ကြောင်း ဒေသတွင်းနိုင်ငံများ နှင့် ဇီယွန်ဝါဒကို ထောက်ခံသူများသည် ဤအစိုးရ ဘက်မှ မပါသင့်ကြောင်း ထားသင့်ကြောင်း အမီးရ် စအီးဒ် အီရ်ဝါနီ  ဆက်လက် ပြောကြားခဲ့ပါတယ်။

.......................................................

END / 251