အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Saharnews ၏သတင်း အထောက် အထားများအရ အောက်တိုဘာ ၇ ရက် အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် မှ လက်ဘနွန်အပေါ် အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုသည် စိုးရိမ်စရာ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီဒေသမှာ အခြေအနေတွေ အရမ်းတင်းမာနေပြီး ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မှ ပြောကြားပါတယ်။
ယခုအချိန်သည် ဂါဇာနှင့် လက်ဘနွန်တို့တွင် သွေးထွက်သံယိုမှုများ ရပ်တန့်ကာ ဒေသတွင်း ငြိမ်းချမ်းရေး ယူဆောင်လာရန် အချိန်ဖြစ်ကြောင်း ဂူတာရက်စ်က အလေးအနက် ပြောကြားခဲ့ပါတယ်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပါလက်စတိုင်း မိုဂျာဟစ်ဒ်ီဒီးန် များသည် ဇီယွန်ဝါဒီအစိုးရ၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုများနှင့် သိမ်းပိုက်ခံရမှုများကို တုံ့ပြန်သည့်အနေဖြင့် သမိုင်းဝင် အလ်အက်ဆွာ (ခ) မုန်တိုင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြောင်း မှတ်သားသင့်ပါတယ်။
.......................................................
END / 251