၆ အောက်တိုဘာ ၂၀၂၄ - ၀၉:၄၇
ယီမင်ကို အမေရိကန်နဲ့ ဗြိတိန်တို့က တိုက်ခိုက်တာကို အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချ

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ယီမင်မြို့တော် ဆာနာ၊ အနောက်ဘက် ဟိုဒီဒါမြို့နှင့် ယီမင်နိုင်ငံရှိ အခြား ဒေသများ တွင် အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ ယီမင်နိုင်ငံအပေါ် အမေရိကန်နှင့် ဗြိတိန်တို့ အကြိမ်ကြိမ် တိုက်ခိုက်မှုများသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဥပဒေများ၏ အခြေခံမူများကို ပြတ်ပြတ်သားသား ချိုးဖောက်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကအီ မှ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ခေတ်တွင် ဇီယွန်ဝါဒီအစိုးရသည် ဒေသတွင်း စစ်ပွဲနှင့် တင်းမာမှုအခြေအနေများအတွက် တာဝန်ရှိပြီး ဂါဇာနှင့် လက်ဘနွန်တွင် ဇီယွန်အစိုးရ၏ ရန်စမှုများကို ချက်ချင်းရပ်တန့်သင့်သည်ဟု အီစ္စမာအီ ဗကအီ မှ ထပ်မံ ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ရန်လိုမှုနှင့် စစ်ပွဲများ၏ နယ်ပယ်ကို တိုးမြှင့်ရန် ဇီယွန်ဝါဒီများ၏ ကြိုးပမ်းအားထုတ်မှုများကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထူထောင်ရန်အတွက် လက်ဘနွန်နှင့် ပါလက်စတိုင်းတို့တွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို ရပ်တန့်ရန် လိုအပ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကအီ မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251