၆ အောက်တိုဘာ ၂၀၂၄ - ၁၂:၂၇
အီရန်တော်လှန်ရေး အစောင့်တပ်၏ ရေတပ်ဦးစီးမှူးမှ  မည်သည့်အခြေအနေ အတွက်မဆို ကျွန်ုပ်တို့ အသင့်ရှိ နေ ကြောင်း ပြောကြား

အီရန်တော်လှန်ရေး အစောင့်တပ်၏ ရေတပ်ဦးစီးမှူး အလီရေဇာ သန်ဂ်စီရီ မှ မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် ကျွန်ုပ်တို့ အပြည့်အဝ ပြင်ဆင်ထားကြောင်း ပြောကြားလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ အီရန် တော်လှန်ရေး အစောင့်တပ် ရေတပ်၏ တပ်မှူး အလီရေဇာ သန်ဂ်စီရီ မှ အလ်အက်ဆွာ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကြေညာချက်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့  သမ္မတနိုင်ငံသည် မိမိနိုင်ငံ အား မီးတောက်အောင် လုပ်မည့် မည်သည့် အင်အား မဆိုအား တုံ့ပြန်မှု အပြည့်အဝ ပေးမေည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်စစ်တပ်သည် မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် နှစ်ပေါင်းများစွာ ပြင်ဆင်နေပြီဖြစ်ကြောင်း တပ်မှူး အလီရေဇာ သန်ဂ်စီရီ မှ အလေးပေးပြောကြားခဲ့ပါတယ်။

မည်သည့် မွတ်စလင်မ် နိုင်ငံကိုမဆို တိုက်ခိုက်မည်ဆိုပါက သို့မဟုတ် မည်သည့်နိုင်ငံမဆို အမေရိကနှင့် ၎င်း၏ ထောက်ခံသူများကို ကြံ့ကြံ့ခံ ပြန်ခုခံမည် ဆိုလျင်  ၎င်းတို့ကို ကူညီမည်ဖြစ်ကြောင်း  ရေတပ်ဗိုလ်ချုပ်ကြီး အလီရေဇာ သန်ဂ်စီရီ မှ ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   နှင့် တော်လှန်ရေး အစောင့်တပ် အကြီးအကဲတို့ ၏ အမိန့်အတိုင်း အခြေအနေအရပ်ရပ်အတွက် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး အလီရေဇာ သန်ဂ်စီရီ မှ ထပ်မံ ပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီး နေတန်ယာဟုမှ  မီးနဲ့ကစားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အပြည့်အဝပြင်ဆင်ထားကြောင်း ပြောကြား လိုက်ပါတယ်။

.......................................................

END / 251