၇ အောက်တိုဘာ ၂၀၂၄ - ၀၇:၂၃
ကရာချိ မြို့ လေဆိပ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာ + ဗီဒီယို

ပါကစ္စတန် နိုင်ငံ ကရာချိ မြို့ လေဆိပ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်း အထောက်အထားများ အရ ကရာချိလေဆိပ် အချက်ပြအနီးတွင် နိုင်ငံခြားသားများ တင်ဆောင် လာသည့် ယာဉ်တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပေါက်ကွဲမှုကြောင့် ယာဉ်သုံးစီးနှင့် ဆိုင်ကယ်လေးစီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အဝေးမှ ပေါက်ကွဲသံကို  ကြားရကြောင်း သိရှိ ရပါတယ်။

သေဆုံးသူ သုံးဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး ၂ဦးမှာ တရုတ် လူမျိုးများ ဖြစ်ကြပါတယ်။ ဒဏ်ရာရရှိသူ ၁၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရှိရပါတယ်။ သတင်းအချို့အရ ရေနံတင် ကား တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စင်းန်ဒ်  ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်ရပ်နှင့်ပတ်သက်၍ ကရာချိရဲချုပ်အား ဆက်သွယ်မေးမြန်း ထားသလို စင်းန်ဒ် ပြည်ထဲရေးဝန်ကြီးမှ လည်း ဖြစ်ရပ်နှင့်ပတ်သက်၍ SSP Malir ထံ ဆက်သွယ်မေးမြန်းထားပြီး အစီရင်ခံစာတစ်ခုတောင်းဆို ထားကြပါတယ်။

အချို့သော မီဒီယာရင်းမြစ်များ၏အဆိုအရ, တားမြစ်ထားသောအဖွဲ့အစည်း ဗလူချီစတန် လွတ်မြောက်ရေး တပ်မတော် BLA မှ ဤဖြစ်ရပ်အတွက်တာဝန်ကိုလက်ခံခဲ့ပါတယ်။

ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော် ယာဉ်ကို အသုံးပြု၍ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း BLA မှ ထုတ်ပြန်ချက် တွင် ဖော်ပြ ထားပြီး တရုတ် အင်ဂျင်နီယာ များကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း သိရပါတယ်။

 

.......................................................

END / 251