၉ အောက်တိုဘာ ၂၀၂၄ - ၁၀:၅၆
   အလ္လာဟ်ဟို အရှင်မြတ်အား ရိုသေ လေးစားခြင်း မည်စေသည့် လုပ်ရပ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ်ဟို အရှင်မြတ်အား ရိုသေ လေးစားခြင်း မည်စေသည့် လုပ်ရပ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مِن إجلالِ اللّه ِ إجلالُ ذِي الشَّيبَةِ المُسلِمِ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  ဆံပင်ဖြူ မွတ်စလင်မ် (ဆိုလိုသည်မှာသက်ကြီးရွယ်အို မွတ်စလင်မ် ) ကို လေးစားခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် ကို ရိုသေခြင်း လေးစား ခြင်း ၏ စာရင်း တွင်ပါဝင်ပေသည်။  »

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၁၆၅


သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် သက်ကြီးရွယ်အိုများ ၊ ဆံဖြူ မုတ်ဆိတ်ဖြူ မွတ်စလင်မ်များ မိုအ်မင်များကို ရိုသေ လေးစား နိုင်အောင် သတိပြုရပါမယ်။ ဤကဲ့သို့ သက်ကြီးရွယ်အိုများ ၊ ဆံဖြူ မုတ်ဆိတ်ဖြူ မွတ်စလင်မ်များ မိုအ်မင်များကို ရိုသေ လေးစား ခြင်းသည် တစ်နည်း အား ဖြင့် အလ္လာဟ် ဟို အရှင်မြတ် အား ရိုသေ လေးစား ခြင်း  မည် ပေမည်။

****************************************************************

END / 251