၁၀ အောက်တိုဘာ ၂၀၂၄ - ၁၁:၅၅
၂၄ နာရီအတွင်း ဟစ်ဘွလ္လာဟ် နှင့် ထိပ်တိုက်တွေ့ဆုံမှု တွင် ဇီယွန်ဝါဒီစစ်သား ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး စစ်တပ် ၀န်ခံ

သိမ်းပိုက်ထားသော ပါလက်စတိုင်း၏ မြောက်ပိုင်းနယ်နိမိတ်တွင် ဟစ်ဘွလ္လာဟ် နှင့် နယ်ချဲ့ ဇီယွန်ဝါဒီ တပ်ဖွဲ့များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ လွန်ခဲ့သော နှစ်ဆယ့်လေးနာရီအတွင်း ဟစ်ဘွလ္လာဟ် စစ်သား များက ဇီယွန်နစ်တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ဇီယွန်ဝါဒီတပ်ဖွဲ့များသည် နယ်စပ်ဒေသများမှ ထွက်ပြေး ခဲ့ကြရပါတယ်။

ဟစ်ဇ်ဘွလ္လာဟ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တိုက်ပွဲများတွင် စစ်သား ၄၀ ဒဏ်ရာရခဲ့ကြောင်း ဇီယွန် စစ်တပ်က ဝန်ခံခဲ့ပါတယ်။ ဒဏ်ရာရရှိသူများကို ဆေးကုသရန် ဆေးရုံများသို့ လွှဲပြောင်းပေးထားကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်သည် ၎င်း၏ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုသော်လည်း မကြာသေးမီက တိုက်ပွဲများအတွင်း ပြင်းထန်စွာ ဆုံးရှုံးမှုများကြောင့် အဖြစ်မှန်များကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသည်ကို တွေ့ရပါတယ်။

.......................................................

END / 251