အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ တာဂျစ်ကစ္စတန် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး သုံးဆယ်နှစ်ပြည့် အခမ်းအနား တွင် ပြောကြားရာတွင် ပါလီမန်အဆင့်တွင် ဒေသတွင်းနိုင်ငံများ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများ ကို ညွှန်ပြပြီး ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ရှဟီးဒ် ဖြစ် ခဲ့မှုအတွက် လက်ဘနွန်နိုင်ငံနှင့် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။
ထပ်မံ ၍ ဇီယွန်ဝါဒီအစိုးရသည် ပြီးခဲ့သောနှစ်အတွင်း အပြစ်မဲ့အရပ်သားများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထားခြင်းဖြင့် ပါလက်စတိုင်းနှင့် လက်ဘနွန်တို့၏ ခုခံမှုရှေ့ တွင် ရှင်းရှင်းလင်းလင်း ရှုံးနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာနှင့် လက်ဘနွန်ရှိ အရပ်သားများကို ဗုံးခွဲခြင်းနှင့် တော်လှန်ရေးတပ်မှူးများကို ပစ်မှတ်ထား သတ်ဖြတ် ခြင်းတို့ ကြောင့် ဇီယွန်ဝါဒီအစိုးရ ပျက်သုဉ်းမှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း အီရန် ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ပြောကြားခဲ့ပါတယ်။
ဇီယွန်ဝါဒီတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန့်ကျင်ဖို့ ဂါဇာနဲ့ လက်ဘနွန်က အဖိနှိပ်ခံပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသပြီး သူတို့ရဲ့ လွတ်လပ်ခွင့်အတွက် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပါဝင်သင့် အီရန် ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်
.......................................................
END / 251