၁၂ အောက်တိုဘာ ၂၀၂၄ - ၀၉:၄၂
အစ္စရေး ကက်ဘိနက် အဖွဲ့ဝင်များ မှ အီရန်ကို တိုက်ခိုက်ရန် ကိစ္စ ဆန့်ကျင်

လက်ရှိ စစ်ပွဲအတွင်း အစ္စရေး ကက်ဘိနက်အစည်းအဝေးတွင် ကက်ဘိနက်အဖွဲ့ဝင်များ မှ အီရန်အပေါ် တိုက်ခိုက် မှုကို ကန့်ကွက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဇီယွန်အစိုးရ၏ Channel 13 မှ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယမန်နေ့ညက အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်မချခဲ့ကြောင်း ဒီအစည်းအဝေးမှာ ကက်ဘိနက် အဖွဲ့ဝင် တွေက တိုက်ခိုက်မှုအတွက် မဲမပေးခဲ့ Al-Jazeera ရုပ်သံလိုင်းမှ ပြောကြားခဲ့သည်ကို အီးက်နာ သတင်းဌာန မှ တင်ပြထားပါတယ်။

လုံခြုံရေးသတင်းရင်းမြစ်ကို ကိုးကား၍ ဇီယွန်အစိုးရ၏ Channel 13 မှ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်ရန် လုံခြုံရေးအဖွဲ့မှ မဲမပေးခဲ့ဘဲ အကောင်အထည်ဖော်မည့်အချိန်နီးကပ်လာသည်အထိ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

အစောပိုင်းက အချို့သော မီဒီယာများက ဇီယွန်အစိုးရ၏ အရာရှိများကို ရည်ညွှန်းပြီး ယခုအစိုးရသည် အီရန်ပိုင်နက်ရှိ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းတွင်ပင် ဇီယွန်နစ်သတင်းအေဂျင်စီ “Wallah” မှ အီရန်အပေါ် တိုက်ခိုက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ကြား ကွဲလွဲမှုများ ကျဉ်းမြောင်းသွားကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်နှင့် အစ္စရေးအရာရှိများကို ကိုးကား၍ ဇီယွန်နစ်သတင်းအေဂျင်စီ “Wallah” မှ မိမိ ၏ အစီရင်ခံစာတွင် အခိုင်အမာ ပြောကြားထားမှာ - နေတန်ယာဟု (အစ္စရေးအစိုးရ)  နှင့် ဘိုင်ဒန်တို့ မှ အီရန်ကို မည်သို့တုံ့ပြန်သင့်သည်ဆိုသည့်အချက်ကို အတန်ငယ်သဘောတူခဲ့ကြ ကြောင်း ဖြစ်ပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် တဲလ်အဗစ်အကြား ကွာခြားချက်များ ကျဉ်းမြောင်းသွားသော်လည်း သဘောတူညီမှုသည် အမေရိကန်၏ မျှော်လင့်ထားသည်ထက် နည်းပါးသည်ဟု ဇီယွန်နစ်သတင်းအေဂျင်စီ “Wallah” မှ ဆိုပါတယ်။

ဇီယွန်နစ်သတင်းစာ "Times of Israel" သည် မကြာသေးမီက အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီး ချုပ်တို့ကြား ဒေသတွင်း အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးမှုနှင့် "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ " အပေါ် အီရန် ၏ တုံ့ပြန်မှုကို ၎င်း၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။

နှစ်ဘက်စလုံးက ကျယ်ပြန့်စွာ သဘောတူညီခဲ့ကြသည်ဟု သတင်းစာက ဖော်ပြသော်လည်း အမေရိကန်သည် တဲလ်အဗစ် ၏ အစီအစဉ်များကို “အလွန်ကြမ်းတမ်းပြီး ရန်လိုသော” ဟု ယူဆဆဲဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့အကြား တယ်လီဖုန်း ပြောဆိုမှု အပြီးတွင် အမေရိကန်နှင့် အစ္စရေးတို့သည် အနောက်အာရှ၏ မဟာဗျူဟာစိန်ခေါ်မှုများကို ယေဘူယျအားဖြင့် သဘောတူညီခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

တယ်လီဖုန်းဖြင့် ပြောဆိုမှုသည် အောက်တိုဘာ ၁ ရက်က အစ္စရေးကို ဒုံးကျည်ဖြင့် အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှစ၍ ဆက်လက်ဖြစ်ပွားနေခြင်း ကိစ္စ နှင့်  အီရန်၏ ကြီးမားသော ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်ရန် အစ္စရေး၏ အစီအစဉ်ကို ဆွေးနွေးရန်ဖြစ်ကြောင်း သတင်း ရင်းမြစ်က ပြောကြားခဲ့ပါတယ်။

.......................................................

END / 251