၁၅ အောက်တိုဘာ ၂၀၂၄ - ၀၉:၄၄
အီရန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ သည် ဒေသတွင်း နောက်ဆုံးအခြေအနေများကို တယ်လီဖုန်းဖြင့် ဆွေးနွေး

အီရန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများသည် အနောက်အာရှတွင် မငြိမ်မသက်မှုများနှင့် တင်းမာမှု များ ကို တားဆီးရန် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့များနှင့်အတူ သံတမန်ရေးရာ ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Saharnews အဆိုအရ အိုမန်နိုင်ငံ ခရီးစဥ် အဖြစ် အိုမန် နိုင်ငံ သို့ ရောက်ရှိနေသော အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် အတူ အနောက်အာရှ၏ နောက်ဆုံးအခြေအနေများကို တနင်္လာနေ့ ၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တယ်လယ်ဖုန်း ဖြင့် ဆွေးနွေးခဲ့ပါတယ်။

ဤတယ်လီဖုန်းဖြင့် ဆွေး‌နွေး စကားပြောဆိုရာတွင် အနောက်အာရှတွင် မငြိမ်မသက်မှုများနှင့် တင်းမာမှုများ တိုးမြင့်လာမှုကို တားဆီးရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံတမန်အဆက်အသွယ် တိုးမြှင့်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ဂါဇာနှင့် လက်ဘနွန်တွင် ဇီယွန်ဝါဒီအစိုးရ၏ စစ်မက်ဖြစ်ပွားမှုနှင့် ရာဇ၀တ်မှုများကို ရပ်တန့်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းမှ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်သည် အမေရိကန်၏ နှောင့်ယှက်မှုကြောင့် မအောင်မြင်ခဲ့သည့် အတွက် ဝမ်းနည်းဖွယ်ကောင်းပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု တယ်လီဖုန်းဖြင့် စကားပြောဆိုမှုတွင် အီရန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများသည် အပြန်အလှန် ဆက်ဆံရေးနှင့် Kazan BRICS ထိပ်သီးအစည်းအဝေး အခမ်းအနားတွင် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံ မည် အကြောင်း ကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

.......................................................

END / 251