အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဖိကဟ်ပညာရှင်ကြီး၊ ရှီအဟ်ကမ္ဘာ၏ အထွတ်အမြတ်ထားရသော မရ်ဂျအ်သက္က်လီးဒ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစနီ အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူ (ကွယ်လွန်) သွားပြီးဖြစ်ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစနီ၏ ရုံးတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အလွန်အမင်း ဝမ်းနည်းကြေကွဲရသော စိတ်နှလုံးဖြင့် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ ဖိကဟ်ပညာရှင်ကြီး၊ ရှီအဟ် ကမ္ဘာ၏ ကြီးမြတ်သော မရ်ဂျအ်သက္က်လီးဒ် ၊ ဘာသာရေးပညာရှင်ကြီးနှင့် ဟောင်ဇာ (သာသနာ့တက္ကသိုလ်ကြီးများ) ၏ ဆရာကြီးဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစနီ ကွယ်လွန်သွားပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဆိုပါ ဖိကဟ်ပညာရှင်ကြီးသည် ဆယ်စုနှစ်များစွာကြာ အာလေမိုဟမ္မဒ် (အလိုင်ဟေမွစ်စလာမ်) ၏ ပညာရပ်များကို ဆည်းပူးလေ့လာခြင်း၊ သုတေသနပြုခြင်းနှင့် သင်ကြားပို့ချခြင်း၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မြင့်မြတ်သော ဂုဏ်သိက္ခာနှင့် နယ်ပယ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဟဇရသ် ဝလီယေ အဆ်ရ် (အ.ဂျ) ၏ မိဘမဲ့များ (ရှီအဟ်များ) အား စောင့်ရှောက်ထောက်ပံ့ခြင်း၊ ထူးချွန်ထက်မြက်သော အိုလမာပညာရှင် အမြောက်အမြားကို ပြုစုပျိုးထောင်မွေးထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များကို ပြန်လည်ရှင်သန်စေခြင်းတို့တွင် အဖိုးတန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
အထူးသဖြင့် ဟဇရသ် ဆွဒ်ဒီကေ ကုဗ်ရာ (စ.အ) ၏ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကို ထိုဟဇရသ်၏ ရှဟာဒသ်နေ့များ ကုန်ဆုံးပြီးနောက်တွင်လည်း ပြန်လည်ကျင်းပစည်ကားစေရန် အထူးကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။
ထိုသို့သော အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မိသားစုတော်မြတ်အပေါ် အလွန်မြတ်နိုးချစ်ခင်စွာ သစ္စာစောင့်သိခဲ့သည့် ဘာသာရေးပညာရှင်ကြီးအား စိတ်ရင်းစေတနာဖြင့် လေးစားကြည်ညိုချစ်ခင်ခဲ့ကြသူအားလုံး၏ ရင်ထဲတွင် ယူကျုံးမရသော ဝမ်းနည်းကြေကွဲမှုများကို ဖြစ်ပေါ်စေခဲ့ပြီးနောက် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။
ဤအစားထိုး၍မရနိုင်သော ဆုံးရှုံးမှုကြီးအတွက် ဟဇရသ် ဗကီယသွလ္လာဟ် အလ်အအ်ဇွမ် (အ.ဂျ)၊ ဟောင်ဇာ(သာသနာ့တက္ကသိုလ်ကြီးများ)၊ ဖိကဟ်ပညာနှင့် မရ်ဂျအ်သက္က်လီးဒ် အဆင့်အတန်းကို လေးစားမြတ်နိုးသူများ၊ ကမ္ဘာတစ်ဝန်းရှိ ရှီအဟ် မွတ်စလင်မ်အားလုံးထံ ဝမ်းနည်းကြေကွဲရ ကြောင်းနှင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြအပ်ပါသည်။
ဈာပနပို့ဆောင်ခြင်း၊ မြှုပ်နှံသင်္ဂြိုဟ်ခြင်းနှင့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပမည့် အစီအစဉ်များကို နောက်ပိုင်းတွင် ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment