၁၅ အောက်တိုဘာ ၂၀၂၄ - ၁၈:၀၄
ဟဇရသ်ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ကြီးကျယ် မြင့်မြတ်မှု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ်ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ကြီးကျယ် မြင့်မြတ်မှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။

 

قال الامام الصادق (عليه السلام):

 

إِنَّ لِلَّهِ حَرَماً وَ هُوَ مَكَّةُ أَلاَ إِنَّ لِرَسُولِ اَللَّهِ حَرَماً وَ هُوَ اَلْمَدِينَةُ أَلاَ وَ إِنَّ لِأَمِيرِ اَلْمُؤْمِنِينَ حَرَماً وَ هُوَ اَلْكُوفَةُ أَلاَ وَ إِنَّ قُمَّ اَلْكُوفَةُ اَلصَّغِيرَةُ أَلاَ إِنَّ لِلْجَنَّةِ ثَمَانِيَةَ أَبْوَابٍ ثَلاَثَةٌ مِنْهَا إِلَى قُمَّ تُقْبَضُ فِيهَا اِمْرَأَةٌ مِنْ وُلْدِي اِسْمُهَا فَاطِمَةُ بِنْتُ مُوسَى وَ تُدْخَلُ بِشَفَاعَتِهَا شِيعَتِي اَلْجَنَّةَ بِأَجْمَعِهِمْ.


အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

«အလ္လာဟ်ဟို အရှင်မြတ် ၏ ဟရမ်(ပရဝဏ်) ရှိပါသည်။ ထိုအရှင်မြတ်၏ ဟရမ်(ပရဝဏ်) သည်မက္ကဟ် မြို့တော် ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) လည်းပဲ ဟရမ်(ပရာဝဏ်) ရှိရပါသည်။ ကိုယ်တော်မြတ် (ဆွ) ၏ ဟရမ်(ပရဝဏ်)  သည် မဒီနာ မြို့တော် ဖြစ်ပါသည်။ အမီးရိုလ် မိုအ်မေနီးန် (အ.စ) လည်းပဲ ဟရမ်(ပရဝဏ်) ရှိပါသည်။ ၎င်း ၏ ဟရမ်(ပရဝဏ်)  သည် ကူဖာ မြို့တော် ဖြစ်ပါသည်။ ကွမ်းမြို့သည် ကူဖာအငယ်တစ်ခု ဖြစ်ပါသည်။ ဂျန္နသ်(ခ)သူခဘုံ ၏ တံခါးပေါက် ရှစ်ပေါက်ရှိပါသည်။ သုံးပေါက်သည် ကွမ်းမြို့ဘက်သို့ ဖွင့်ထားပေးပါသည်။ ပြီးနောက် အေမာမ် (အ.စ) မှ မိန့်တော်မူသည်။  ကျွန်ုပ်၏ သားစဉ်မြေးဆက်များ မှ သမီးတော် တစ်ပါး ၏ ရှဟာဒသ် သည် ကွမ်းမြို့ တွင် ဖြစ်မည် ဖြစ်ပါသည်။ ပြီးနောက် ထို သမီးတော် ၏ အမည် မှာ ဖွာတွေမဟ် ဘင်န်သေ မူစာ (စ.အ) ဖြစ်ပေမည်။ ထိုသမီးတော် ၏ ရှဖာအသ် (အသနားခံ လျှောက်ထားမှု)ကြောင့် ကျွန်ုပ် ၏ ရှီအဟ်များ အားလုံး သည် ဂျန္နသ် (ခ)သုခဘုံ သို့ ဝင်ရောက် ကြရမည် ဖြစ်ပါ သည်။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၅၇ ၊ စာမျက်နှာ ၂၂၈

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း သခင်မကြီး ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ကြီးကျယ် မြင့်မြတ်မှု နှင့် အဆင့် အတန်း ကြီးမြတ်မှုကို သိရှိ ရမည် ဖြစ်ပါတယ်။ ကျနော်တို့ ရှီအဟ် ယောက်တိုင်း သခင်မကြီး၏ ဇေယာရသ် ရရန် နှင့် ရှဖာအသ် ရရန် ဒိုအာများနေ့ စဥ်သို့မဟုတ် မကြာမကြာတောင်းခံရမည် ဖြစ်ပါတယ်။ ထိုအတူ သခင်မကြီး (စ.အ) လက်ခံ သည့် ရှီအဟ် အစစ်ဖြစ်အောင် လည်း ဘဝ တည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။


****************************************************************

END / 251