၁၇ အောက်တိုဘာ ၂၀၂၄ - ၁၁:၄၇
  ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီသည် လူအများအမြင်မှ ပျောက်ကွယ်သွားခြင်းသည် အီရန်၏ တမင်တကာ ဗျူဟာ တစ်ခုဖြစ်

မကြာသေးမီရက်များအတွင်း ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ နှင့် ပတ်သက်ပြီး ရန်သူဘက်ခြမ်းမှ ကွဲလွဲ နေသော သတင်းများထွက်ပေါ်ပြီးနောက် အီရန်သည် ရန်သူကိုအရှက်ရစေရန်အတွက် ၎င်း၏ ထိပ်တန်း ဗိုလ်ချုပ် ကြီး အား အများပြည်သူမြင်ကွင်းနှင့် ဝေးဝေးတွင်ထားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရတ်ရှိ ရှီအာအဖွဲ့အစည်းများကြား အပြန်အလှန် ဆက်ဆံရေးမူ ဘောင်ကို ဦးဆောင်သူတစ်ဦးက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ဗျူဟာကို စစ်ပွဲအတွင်း စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ အဖြစ် ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ သည် လူအများမြင်ကွင်းတွင် ကင်းလွတ်နေပြီး ရန်သူကို အကျပ် ရိုက်စေခဲ့ ပါတယ်။

အေဆွာမ် ရှာကေရ် အနေဖြင့် အီရတ်နိုင်ငံ Baghdad Al-Youm ၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အနောက် အာရှဒေသတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုကို ခွဲခြမ်းစိတ်ဖြာပြောကြားရင်း ဇီယွန်ဝါဒီအစိုးရသည် ဒေသတွင်း တင်းမာမှုများ ပျံ့နှံ့နေသည်မှာ သံသယကင်းရှင်းကြောင်း ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်၊ နေတိုးနှင့် ၎င်း၏မဟာမိတ်များက ဇီယွန်ဝါဒီအစိုးရကို ကျောထောက်နောက်ခံပေးထားသည့် အတွက် ကြောင့် ကြံ့ကြံ့ခံ ခုခံရေး အဖွဲ့များ အနေဖြင့် ခက်ခဲစွာ ရင်ဆိုင်နေရပါတယ်။ အီရတ်ရှီအာ ပူးပေါင်း ဆောင်ရွက် ရေးမူဘောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက တဲလ်အဗစ် သည် ရည်မှန်းချက်သုံးရပ်ကို အကောင် အထည် ဖော်နေ ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းရည်မှန်းချက် သုံးရပ်မှာ ပထမအချက်မှာ ပါလက်စတိုင်းလွတ်လပ်ရေးလှုပ်ရှားမှု၏အဆုံးသတ်၊ ဒုတိယ အချက်မှာ ဂါဇာကမ်းမြောင်ဒေသမှ လူများကို အတင်းအကျပ် ရွှေ့ပြောင်းစေခြင်းနှင့် လက်ဘနွန်နှင့် ဆီးရီးယားစစ်ပွဲကို လှုံ့ဆော်ခြင်း၊ တတိယအချက်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့များ သိမ်းပိုက်ခြင်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသသစ်ကို ဖန်တီးခြင်းတို့ ဖြစ်ပါတယ်။

မီဒီယာများ၏ ထင်ကြေးပေးမှုများနှင့် ရန်သူများ၏ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲအပြီးတွင် Quds တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ ရုတ်တရက် ပေါ်ထွက်လာခြင်း နှင့် ပတ်သက်၍ အေဆွာမ် ရှာကေရ် မှ အီရန် နိုင်ငံ သည် ရန်သူအား အောင်မြင်သော စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများကို အသုံးပြုခဲ့သည်ဟု ပြောကြား ခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် နှင့် တော်လှန်ရေး အဖွဲ့ အစည်းများမှ အစ္စရေးနိုင်ငံအတွင်း ပစ်မှတ်များကို အောင်မြင်စွာ ပစ်မှတ်ထားခြင်းသည် ဗိုလ်ချုပ် နာစေရ် ကန်အာနီ ၏ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မကြာမီကာလအ တွင်းတွင် နောက်ထပ် ဥပမာများပါလာမည်ဖြစ်ပါတယ်။

ဇီယွန်ဝါဒီ အစိုးရကို ဆန့်ကျင်သည့် စစ်ပွဲသည် ရန်သူ အကြီးအကျယ် ဆုံးရှုံးရမည့် အဆင့်သစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အေဆွာမ် ရှာကေရ် မှ ပြောကြားခဲ့ပါတယ်။  ဒီစစ်ပွဲပြီးရင် ဒေသမြေပုံပြောင်းမယ် ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင် ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူ အဲဟ်မဒ်ဘရ်စီးမ် မှ မကြာသေးမီရက်များအတွင်း ဘေရွတ်တွင် ဇီယွန်အစိုးရ၏ တိုက်ခိုက်မှုအတွင်း ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ ၏ရောက်ရှိမှုနှင့် ဒဏ်ရာ ရရှိမှုသတင်းများသည် အမှန်တရားနှင့် နီးစပ်နိုင်ကြောင်းအကြောင်းမှာ နာစေရ် ကန်အာနီ သည် မိုဂျာဟစ်ဒ်ဒီးန် တပ်မှူးတစ်ဦးဖြစ်သည့်အတွက် ၎င်း အတွက် ခက်ခဲသောအလုပ်မဟုတ် ကြောင်း ပြောကြား ခဲ့ပါ တယ်။

၎င်းမှဆက်လက်ပြီး တီဟီရန်ရှိ ဗိုလ်မှူးချုပ် ရှဟီးဒ် အဘာစ် နီးလ်ဖရူရှန်း ၏ ဈာပနတွင် ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ  ရှိနေခြင်းကြောင့် အမေရိကန်နှင့် အစ္စရေး၏ မဟာဗျူဟာတစ်ခုလုံး မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ကို တိုက်ခိုက်ပြီးနောက် ဘေရွတ်တွင် Quds တပ်ဖွဲ့ဝင်များ ရှိနေခြင်းသည် ဟစ်ဇ်ဘိုလာ အကျပ်အတည်းမှ လွတ်မြောက်ရန် မျှော်လင့်ထားသည့်အတိုင်း အတိအကျဖြစ် ကြောင်း အဲဟ်မဒ်ဘရ်စီးမ် မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251