Mehr News Agency ၏ အစီရင်ခံစာအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဟားမတ်စ် ခေါင်းဆောင် ယဟ်ယာ အက်စ်စနဝါရ် ၏ ရှဟာဒသ် အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ပေးပို့သည့် သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မာန်နေရ်ရဟီးမ်
မွတ်စလင်မ်များ ! ဒေသတွင်း သူရဲကောင်းလူငယ်များ !
သူရဲကောင်း ၊ မိုဂျာဟစ်ဒ် စစ်သေနာပတိ ယဟ်ယာ အက်စ်စနဝါရ် သည် မိမိ မိတ်ဆွေ ရှဟီးဒ်များ နှင့် တွေ့ဆုံ သွားပြီး ဖြစ်ပါသည်။ သူသည်မိုဂျာဟစ်ဒသ် နှင့် တော်လှန်ရေး၏ တောက်ပြောင်ထွန်းလင်းသည့် မျက်နှာ ဖြစ်ပါသည်။ ယဟ်ယာ အက်စ်စနဝါရ် သည် ရန်သူကို ပြတ်ပြတ်သားသား ရင်ဆိုင်ပြီး ရန်သူကို ဗျူဟာမြောက် သတ္တိ ရှိရှိ ရင်ဆိုင်တိုက်ခိုက်သူ ဖြစ်ပါသည်။သူသည် အောက်တိုဘာလ (၇) ရက်နေ့တွင် သမိုင်းဝင်၍ အစားထိုးမရသည် ရန်သူအတွက် ပျက်စီးဆုံးရှုံးမှုများကို ပြုခဲ့သူ ဖြစ်ပြီး ဂုဏ်သိက္ခာရှိရှိ ဂုဏ်ယူစွာဖြင့် အာဇာနည် ၏ အထွတ်အထိတ် သို့ ရောက်သွားပြီး ဖြစ်ပါသည်။
နယ်ချဲ့ နှင့် ဇွာလင်မ် ရန်သူ အား ဆန့်ကျင် တိုက်ခိုက်ပြီူ မိမိဘဝကို တည်ဆောက်သူများ ၏ အဆုံးသတ်မှာ ရှဟာဒသ် ဖြစ်ပါသည်။ ယဟ်ယာ အက်စ်စနဝါရ် ၏ ခွဲထွက်ခြင်း သည် ကြံ့ကြံ့ခံ ခုခံရေးရှေ့တန်းအတွက် နာကျင်စေ သည်မှာ သေချာသော်လည်း ရှိက်ခ်အဲဟ်မဒ်ယာစင်န် ၊ ဖသ်ဟီရှဖာက် ၊ ရန်သီစီ နှင့် အီစ္စမာအီ ဟနီယေဟ် ကဲ့သို့သော ခေါင်းဆောင်များ ၏ ရှဟာဒသ် ကြောင့် ကြံ့ကြံ့ခံ ခုခံရေး၏ တိုးတက်မှုသည် မရပ်တန့်ခဲ့ပေ။ ယဟ်ယာ အက်စ်စနဝါရ် ၏ ရှဟာဒသ် ကြောင့် လည်းပဲ ကြံ့ကြံ့ခံ ခုခံရေး သည် ရပ်သွားမည် မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် ဟားမတ်စ်များသည် ရှင်သန်နေပြီး ရှင်သန်လျက်ရှိမည် ဖြစ်ပါသည်။
အလ္လာဟ် အရှင်မြတ် ၏ အကူအညီနှင့် စွမ်းအား ဖြင့် ကျွန်ုပ်တို့သည် စိတ်ရင်းမှန် ဖြင့်မိုဂျဟစ်ဒ်ဒီးန် များ တော်လှန် ရေးသမားများနှင့်အတူ အမြဲရှိနေမည် ဖြစ်ပါသည်။
ကျွန်ုပ်သည် ယဟ်ယာ အက်စ်စနဝါရ် ၏ရှဟာဒသ် အတွက် ၎င်း ၏ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များ နှင့် အလ္လာဟ်အရှင်မြတ်၏ လမ်းတွင် တိုက်ပွဲဝင်နေသူများ ကို ဝမ်းနည်းကြောင်းတင်ပြပါအပ်ပါသည်။
အလ္လာဟ်ဟို အရှင်မြတ် ၏ သူတော်စင်ကျေးကျွန်များအပေါ်သို့ ငြိမ်းချမ်းခြင်းမင်္ဂလာ အဖြာဖြာ ကျရောက်ပါ စေ။
ဆယက်ဒ် အလီ ခါမေနာအီ
.......................................................
END / 251