အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahrnews အစီရင်ခံစာ အရ ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ပြည်သူများက ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး “ကျွန်ုပ်တို့ အားလုံး ဂါဇာကမ်းမြောင် သားများ” ဟု ကြွေးကြော်ခဲ့ကြပါတယ်။
ဆီနီဂေါနိုင်ငံ မြို့တော် ဒါကာမှ ပြည်သူများသည်လည်း လက်ဘနွန်နှင့် ဂါဇာရှိ ပြည်သူများဘက်မှ ရှိကြောင်း အစ္စရေးမှ ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချပြီး အပစ်အခတ်ရပ်စဲရေး တောင်းဆို ခဲ့ကြပါတယ်။
ဂါဇာနှင့် လက်ဘနွန်တို့တွင် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချရန် ဂျာမနီနိုင်ငံ ဘာလင်မြို့ နှင့် ဟမ်းဘတ်မြို့ များတွင် ပါလက်စတိုင်း လိုလားသော ဆန္ဒပြသူများသည် ဆန္ဒပြခဲ့ကြပြီး ပါလက်စတိုင်းနှင့် လက်ဘနွန် ပြည်သူများဘက် မှ ရှိကြောင်း ကို ပြသခဲ့ကြပါတယ်။
ဂါဇာနဲ့ လက်ဘနွန်ပြည်သူတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချပြီး တဲလ်အဗစ်ကို လက်နက်တွေ ပေးအပ် တာကို အဆုံးသတ်ဖို့ ပါလက်စတိုင်းထောက်ခံသူ အများအပြားက လန်ဒန် မြို့ နဲ့ လိဒ်မြို့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။
အလားတူ ဆန္ဒပြသူများသည် ဘီဘီစီ တီဗီ အဆောက်အဦရှေ့တွင် စုရုံးကာ ဂါဇာတွင် အစ္စရေးမှ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ BBC ၏ အချက်အလက်များကို ဖုံးကွယ် တင်ပြချက်များကို ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်။
နော်ဝေနိုင်ငံမြို့တော် အော်စလိုတွင် ပါလက်စတိုင်းထောက်ခံသူများသည် ဂါဇာတွင်သေဆုံးသွားသော ကလေးငယ် များကို ဂုဏ်ပြုသောအားဖြင့် အစ္စရေး၏ လူမျိုးတုန်းသတ်ဖြတ်မှုကို ရှုတ်ချခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ဇီယွန်အစိုးရသည် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှု အပြည့် ဖြင့် ဂါဇာကမ်းမြောင်နှင့် အနောက်ဂျော်ဒန်တို့တွင် အပြစ်မဲ့ ပါလက်စတိုင်းလူမျိုးများကို အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခဲ့ပါတယ်။
နယ်ချဲ့ကျူးကျော် အစ္စရေးအစိုးရ၏ ရာဇ၀တ်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နှုတ်ဆိတ်နေခြင်းကြောင့် တရားမဝင်သော ဇီယွန်ဝါဒီအစိုးရ၏ စစ်ယန္တရားဖြင့် ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေးများအား သတ်ဖြတ်ခြင်းများကို ဆက်လက်ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ် ပါတယ်။
.......................................................
END / 251