အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းအေဂျင်စီ၏အစီရင်ခံစာအရ၊ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ Quds တပ်ဖွဲ့၏ လက်ထောက် အကြီးအကဲ ဗိုလ်မှူးချုပ် အီရဂျ်မတ်စ်ဂျစ်ဒ်ဒီ မှ ထိပ်တန်းတပ်မှူးများကို ရှဟီးဒ် ပြုခြင်း ဖြင့် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်ကို တားဆီးနိုင်မည်မဟုတ်ကြောင်း မိမိတို့ အနေဖြင့် ရှဟီးဒ်ဖြစ်သူများ ၊ အဖိနှိပ်ခံ ပါလက်စတိုင်း နှင့် လက်ဘနွန်ပြည်သူများအတွက် လက်စားချေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် အီရဂျ်မတ်စ်ဂျစ်ဒ်ဒီ မှ ဆက်လက်ပြီး ဗိုလ်မှူးချုပ် ရှဟီးဒ် အဘာစ် နီးလ်ဖရူရှန်း ၏ အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွင် ရန်သူသည် ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ နှင့် ပတ်သက်၍ ကောလာဟလ များ ဖြန့်ကြက်ရန် စိတ်ဓာတ်ပိုင်းဆိုင်ရာ နည်းပရိယာယ်များကို အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ရှဟီးဒ် အဘာစ် နီးလ်ဖရူရှန်း သည် ဘေရွတ်မြို့၌ ဇီယွန်ဝါဒီစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဤ ဗိုလ်ချုပ်ကြီး သည် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် အတူ ရှဟီးဒ် ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
.......................................................
END / 251