အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ ကေရ်မန်ရှားဟ် ပြည်နယ်ရှိ အာဇာနည် ၉၈၀၀ အား အောက်မေ့ဖွယ် ညီလာခံ အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့ကြပါတယ်။
လူငယ်များသည် သည် သဲကန္တာရများနှင့် သဲကန္တာရများတွင် အပြင်းထန်ဆုံး အခြေအနေများတွင် တိုက်ပွဲဝင်ခဲ့ကြ ပါတယ်။ ရန်သူသည် အရေးကြီးသောနေရာများနှင့် တောင်များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ထိုလူငယ် များက ခုခံခဲ့ကြပါတယ်။
နိုင်ငံအသီးသီးမှ လူငယ်များသည် ကေရ်မန်ရှားဟ် သို့ ရောက်ရှိခဲ့ကြပါတယ်။ ထောင်နှင့်ချီသော လူငယ်များသည် ရန်သူကို တိုက်ခိုက်ရင်း အသက်ဆုံးရှုံးခဲ့ကြရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။လူငယ်များဟာ မိမိတို့၏ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါတယ်။
ဒီလူငယ်တွေရဲ့ အလောင်းတွေကို မြေမှုန့်ထဲမှာ မြှုပ်နှံထားပေမယ့် သူတို့ရဲ့ ဝိညာဉ်တွေက ရှိနေဆဲဖြစ်ပြီး တိုင်းပြည်က ဒီနေ့အထိ ဒီလိုလူငယ်တွေကို လိုအပ်နေပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က ယခင်က ရန်သူသည် သမားရိုးကျ စစ်ပွဲကို ပြုလုပ်ခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ယနေ့တွင် အီရန် နိုင်ငံဟာ ပေါင်းစပ်စစ်ဆင်ရေး စစ် နှင့်ရင်ဆိုင်နေရပါတယ်။ လူငယ်များသည် ဤစစ်ပွဲတွင် အထိရောက်ဆုံး အခန်းကဏ္ဍမှ ပါဝင်နိုင်ပါတယ်။
ယနေ့ခေတ်လူငယ်များသည် အတိတ်က ကျဆုံးခဲ့သောလူငယ်များ၏ စိတ်ဓာတ်များကို သတိပြုသင့်ပါတယ်။ သိသင့်ပါတယ်။အလ္လာဟ် နှစ်မြို့မှု၊ ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုနှင့် အခြားသော ကိုယ်ကျင့်တရားတန်ဖိုးများကို သတိပြုသင့်ပါတယ်။
အာဇာနည်များနှင့် ပတ်သက်သည့် ညီလာခံများတွင် အဆိုပါကိစ္စရပ်များကို အထူးဂရုပြုရန် လိုအပ် ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မြင့်မြတ်သော ကာကွယ်ရေးတွင် ပါဝင်ခဲ့ကြသော လူငယ်များသည် မြင့်မားသော တန်ဖိုးများရှိကြောင်း ယေဘုယျအားဖြင့် စစ်ပွဲများတွင် လူသားသည် ကိုယ်ကျင့် တရားတန်ဖိုးများ နှင့် ဥပဒေများဖြင့် ချည်နှောင်ထားခြင်းမရှိကြောင်း အောင်ပွဲနှင့် ရန်သူကို အန္တရာယ်ပြုရန် နည်းလမ်းတိုင်းကို အသုံးပြုကြောင်း မြင့်မြတ်သောကာကွယ်ရေးကာလတွင် ကျွန်ုပ်တို့၏လူငယ်များကို ကိုယ်ကျင့်တရားတန်ဖိုးများ နှင့် အစ္စလာမ့် တားမြစ်ချက်များဖြင့် တင်းကြပ်စွာ ချည်နှောင်ထားကြောင်း မိန့်ကြား ခဲ့ပါတယ်။
ကိုယ်တိုင် ရေငတ်ခဲ့ပြီး မိမိ အဖော်ကို ရေပေးပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တော်လှန်ရေး လူငယ်များ နှင့် တခြားတိုက်ခိုက်ရေးသမားများကြားက ကွာခြားချက်ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။
.......................................................
END / 251