အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော တုရု တွင် ဇီယွန်စစ်အစိုးရ တိုက်လေယာဥ် များက မကြုံစဖူးနှင့် ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြခဲ့ပါတယ်။
ဤအစီရင်ခံစာအရ ဇီယွန်အစိုးရ၏ တိုက်လေယာဥ် များသည် တုရုမြို့၏ နေရာအသီးသီး ကို ရှစ်ကြိမ်တိုင်တိုင် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် Sur ဆူရ်(ခ) တုရု မြို့မှာ အဆောက်အဦ အတော်များများ ပျက်စီးခဲ့ပြီး မြို့ရဲ့ အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
ထို့အပြင် အစ္စရေးတိုက်လေယာဥ် များ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တုရုမြို့ရှိ လမ်းများ၏ ၉၀ ရာခိုင်နှုန်းကို ယာယီပိတ်ဆို့ထားရကြောင်း သိရပါတယ်။
တုရုမြို့သည် လူဦးရေ ၁၆၀၀၀၀ ခန့်နေထိုင်သည့် လက်ဘနွန်တောင်ပိုင်းရှိ ရှီအဟ် မွတ်စလင်မ် မြို့များထဲမှ တစ်ခုဖြစ်ပြီး ဇီယွန်အစိုးရစစ်တပ်၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အဆိုပါမြို့ခံအများစုသည် အဆိုပါဆိပ်ကမ်းမြို့မှ ထွက်ခွာခဲ့ကြကြောင်း သိရပါတယ်။

.........................................................................
END / 251