အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News ၏ ဖော်ပြချက်အရ အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တရုတ်သတင်းဌာန Xinhua က အင်္ဂါနေ့တွင် တယ်လီဖုန်းဖြင့် စကားပြောဆိုရာတွင် အီဂျစ်နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီးများသည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း၊ ပေးပို့ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပူးပေါင်းကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးနှစ်ဦးသည် လက်ဘနွန်၏ နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ပြီး လက်ဘနွန်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ချက်ချင်းလိုအပ်မှုနှင့် အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အစီရင်ခံစာအရ၊ ဒေသတွင်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကို ရပ်တန့်ရန် ကြိုးပမ်းမှုများကိုလည်း ဤကာလအတွင်း အလေးပေးဖော်ပြခဲ့ပါတယ်။
အီဂျစ်၊ ကာတာနှင့် ရှေ့တစ်မျိုး နောက်တစ်မျိုး အမေရိကန်တို့သည် ဂါဇာတွင် ဟားမတ်စ်တို့၏ ခုခံမှုနှင့် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ရန်စမှုများနောက်ပိုင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။
လွန်ခဲ့သည့်လများအတွင်း ဒိုဟာနှင့် ကိုင်ရိုတို့တွင် အကြိမ်ပေါင်းများစွာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း တစ်နှစ်တာကြာ တင်းမာမှုကို အဆုံးသတ်ရန် လေးနက်သော သဘောတူညီချက်ကို မရရှိခဲ့ကြောင်း သိရပါတယ်။
ရှေ့တစ်မျိုး နောက်တစ်မျိုး အမေရိကန်၏ ပံ့ပိုးကူညီမှုဖြင့် အစ္စရေး၏ ရန်စမှုများ ဆက်လက်ဖြစ်ပွား နေခြင်း ကြောင့် ပါလက်စတိုင်းနှင့် လက်ဘနွန်အရပ်သား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း သတိပြု သင့်ပါတယ်။
.........................................................................
END / 251