Sahar News နှင့် Shahab News အစီရင်ခံစာ အရ ဟစ်ဘွလ္လာဟ် သည် ဟိုင်ဖာဆိပ်ကမ်း၊ နသာနီယာ နှင့် အလ်ခဇီးရဟ် တို့ကို နောက်ဆုံးတိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခဲ့ကြောင်း ဖြစ်ပါတယ်။
ဇီယွန်နစ် မီဒီယာ၏အဆိုအရ ဟစ်ဘွလ္လာဟ် သည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ တိုက်ခိုက်မှုများတွင် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို အသုံး ပြုခဲ့ကြောင်း သိရပါတယ်။
လက်ဘနွန်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် အန္တရာယ် အချက်ပေးဥသြသံများ ထွက်ပေါ်လာသည်ဟု အစ္စရေး နယ်စပ်မြို့ များမှ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။
တစ်ချိန်တည်းတွင် နသာနီယာ နှင့် အလ်ခဇီးရဟ် တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အယ်လ်မာယာဒင် သတင်းဌာန က ပြောကြားခဲ့ပါတယ်။ ရုပ်သံလိုင်း၏ ကိုယ်စားလှယ်က ပြီးခဲ့သည့် နာရီပိုင်းအတွင်း ဒုံးကျည်အမြောက်အမြား ပစ်လွှတ်ခဲ့သည့် တိုက်ခိုက်မှု ၃ ကြိမ်ရှိပြီဟု ၎င်း၏ အစီရင်ခံစာတွင် ပြောကြားခဲ့ပါတယ်။
ဇီယွန်နစ် မီဒီယာ၏အဆိုအရ အလ်ဂျလီးလ် ၊ ကရ်ယာသ် ၊ အာသာ ၊ အလ်ကရ်မလ် နှင့် မနာရှးဟ် တို့တွင် အန္တရာယ် အချက်ပေးဥသြသံများ မြည်လာခဲ့ကြောင်း သိရပါတယ်။
ဇီယွန်ဝါဒီမြို့ အယ်လ်ခါယမ် ရှိ စစ်စခန်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
.........................................................................
END / 251