၃၁ အောက်တိုဘာ ၂၀၂၄ - ၀၅:၅၀
အီရန် သမ္မတ  ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းကွမ်းမြို့ရှိ သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ဇေယာရသ် လာရောက်ပြုလုပ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ ခရီးစဥ် တွင် သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် သို့ သွားရောက်ခစား၍ ဇေယာရသ် ပြုခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် မိမိ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ သို့ သွားရောက်သည့် ခရီးစဥ် ဖြစ်ပါတယ်။

အီရန် သမ္မတ ခရီးစဉ် ၏ ကနဦးအဆင့်တွင် သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် သို့ သွားရောက် ခစား၍ ဇေယာရသ် ပြုခဲ့ခြင်း ဖြစ်ပါတယ်။

ကွမ်းမြို့ သို့ ရောက်ရှိချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားအဆင့်မြင့်အရာရှိများက သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား ကြိုဆိုခဲ့ကြပါတယ်။

၎င်း၏ခရီးစဉ်အတွင်း သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် မရ်ဂျာယေ သက္က်လီးဒ် တော်များ ၊ အခြားသာသနာ့ ပညာရှင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အစိုးရ၏ အစီအစဉ်များနှင့် ဗျူဟာများနှင့်ပတ်သက်၍ ယုံကြည်မှုရှိလာရန် တင်ပြ ဆွေးနွေး အဆုံးမခံမည် ဖြစ်ပါတယ်။

.........................................................................

END / 251