၂ နိုဝင်ဘာ ၂၀၂၄ - ၁၈:၄၈
ဟစ်ဘွလ္လာဟ် မှ အစ္စရေး နယ်ချဲ့ယူထားသော ဒေသများတွင် ဒုံးကျည် ၄၀ လုံး တစ်ချိန်တည်း ပစ်ခတ်

လက်ဘနွန်သတင်းရင်းမြစ်များက ဇီယွန်နစ်သတင်းရင်းမြစ်များက အတည်ပြုထားသည့် ဘေရွတ်မြို့ ပေါ်ရှိ အစ္စရေးလေယာဉ်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဘွလ္လာဟ် သည် အစ္စရေး နယ်ချဲ့ယူထားသော နယ်မြေများသို့ ဒုံးကျည် ၄၀ ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန်သတင်းရင်းမြစ်များက ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေရွတ်မြို့ကို ဇီယွန်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဘွလ္လာဟ် မှ အစ္စရေး သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ဒုံးကျည် အစင်း ၄၀ ပစ်ခတ်ခဲ့တယ်လို့ Maher သတင်းဌာနက အယ်လ်မာယာဒင် ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

 

ထိုအတောအတွင်း ဇီယွန်ဝါဒီမီဒီယာများက နယ်ချဲ့ယူထားသော Nahariya နှင့် Akka မြို့များတွင် အန္တရာယ် သတိပေး ဥသြသံများကြားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အစ္စရေး၊ al-Kariyot နှင့် Haifa ပင်လယ်အော်တို့တွင် ယနေ့နံနက်အစောပိုင်းက လက်ဘနွန် ဟစ်ဘွလ္လာဟ် မှ ဒုံးကျည်အစင်း ၄၀ ပစ်လွှတ်ခဲ့ကြောင်းဇီယွန်နစ် သတင်းရင်းမြစ်များက ဝန်ခံထားကြောင်း သိရှိရပါတယ်။

.........................................................................

END / 251