အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher Khabarrasan Agency ၏ သတင်းထောက် အဆိုအရ အီရန် ပညာရေး ဖောင်ဒေးရှင်း အွန်မီဒ် ဖေဇာ ၏ CEO ဖြစ်သူ ဟိုစိုင်းန် ရှဟ်ရာဘီ က အွန်မီဒ် ဖေဇာ ဖောင်ဒေးရှင်း နှင့် ဒီဒဟ် ဘရ်ဒါဇ် ဆဗါ တို့၏ လေးနှစ်ကြာ စဉ်ဆက်မပြတ် ကြိုးပမ်းမှု အပြီးတွင် "ဟွတ်ဒ်ဟွတ်ဒ်" နှင့် "ကောင်စဲရ်" ဂြိုဟ်တုများကို မကြာခင် ပတ်လမ်း ကြောင်းထဲကို စေလွှတ်မည် ဖြစ်ကြောင်း သိရပါတယ်။
"ကောင်စဲရ်" ဂြိုလ်တုသည် ၂၀၁၈ နွေရာသီတွင်ဒီဇိုင်းစတင်ခဲ့သော အွန်မီဒ် ဖေဇာ ဖောင်ဒေးရှင်း ၏ ပထမဆုံး အာကာသ ထုတ်ကုန်ဖြစ်ပါတယ်။
ဤဂြိုလ်တုသည် ကုဗဂြိုလ်တုများ၏ စံနှုန်းများကို လိုက်နာကာ ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချပေးပါတယ်။ ဤဂြိုဟ်တုတွင် NIR နှင့် RGB ရောင်စဉ်ကင်မရာများ တပ်ဆင် ထားပါ တယ်။
"ကောင်စဲရ်" သည် ပျမ်းမျှ Resolution ၃.၄၅ m GSD ရှိသည့် ပထမဆုံး အီရန်ဂြိုဟ်တုဖြစ်ပြီး ဆိုလိုသည်မှာ ၎င်းသည် ၂၀၂၀ ခုနှစ်အထိ အီရန်တွင် အဆင့်အမြင့်ဆုံး ဂြိုလ်တုဖြစ်ပါတယ်။
ဤဂြိုလ်တု၏တာဝန်မှာ စိုက်ပျိုးရေးနှင့် မြေပုံဆွဲခြင်း ဖြစ်သည်။ "ကောင်စဲရ်" ဂြိုလ်တုသည် ကြည်လင် ပြတ်သားမှု 3.5 မီတာရှိပြီး အလေးချိန် ၃၀ ကီလိုဂရမ်ရှိသော အာရုံခံဂြိုလ်တုဖြစ်ပြီး အရောင်အသွေး အကျယ် ၁၅ ကီလိုမီတာရှိပါတယ်။ထို့အပြင် ဤဂြိုလ်တု၏ပတ်လမ်းသက်တမ်းသည် သုံးနှစ်ခွဲဖြစ်ပါတယ်။
"ဟွတ်ဒ်ဟွတ်ဒ်" ဂြိုလ်တုသည် ကုဗဂြိုလ်တုတစ်ခုဖြစ်ပြီး ၎င်း၏တာဝန်မှာ အင်တာနက်ဝန်ဆောင်မှုများအတွက် သီးသန့်ပလပ်ဖောင်းတစ်ခု ဖန်တီးရန်ဖြစ်ပါတယ်။ဤဂြိုလ်တု၏ မစ်ရှင်ကို လုပ်ဆောင်ပုံမှာ ပေးပို့သူ၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ၎င်းကို သိမ်းဆည်းကာ အလိုရှိသော သုံးစွဲသူထံသို့ မှန်ကန်သော အနေ အထားဖြင့် ပေးပို့ခြင်းဖြစ်ပါတယ်။
.........................................................................
END / 251