၃ နိုဝင်ဘာ ၂၀၂၄ - ၁၅:၃၀
အီရန် အာဗါန်လ ၁၃ ရက်နေ့  သည် ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒတော်လှန်ရေးနေ့  ဖြစ်၍ အီရန်နိုင်ငံ တစ်ဝှမ်း ကျောင်းသားများ  မှ ဆန္ဒပြ

အီရန် အာဗါန်လ ၁၃ ရက်နေ့ သည် ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒတော်လှန်ရေးနေ့ ဖြစ်၍ အီရန်နိုင်ငံ တစ်ဝှမ်း ရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ နှင့် အခြား မူလတန်း ၊ အလယ်တန်း ၊အထက်တန်း ကျောင်းသား၊ ကျောင်းသူများ မှ ဆန္ဒပြပွဲများကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာနမှ သတင်းထောက်များ၏ အဆိုအရ အီရန် အာဗါန်လ ၁၃ ရက်နေ့  (နိုဝင်ဘာလ ၃ရက်နေ့ ) သည်  အပြည်ပြည်ဆိုင်ရာ အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒ တော်လှန်ရေးနေ့   ဖြစ်ပြီး  ကျောင်းသားများနေ့အဖြစ် အီရန်တွင် ကျင်းပကြပါတယ်။  ယနေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ နှင့် အခြား မူလတန်း ၊ အလယ်တန်း ၊အထက်တန်း ကျောင်းသား၊ ကျောင်းသူများ မှ လမ်းများနှင့် အဝေးပြေး လမ်းများ ပေါ်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလိုပင် ဤနေ့ကို အီရန် နိုင်ငံအနှံ့ စိတ်အားထက်သန်စွာ ကျင်းပကြပါတယ်။

အီရန် အာဗါန်လ ၁၃ ရက်နေ့  (နိုဝင်ဘာလ ၃ရက်နေ့ ) သည်  အပြည်ပြည်ဆိုင်ရာ အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒ တော်လှန် ရေးနေ့   ဖြစ်ပြီး  အီရန်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသူကျောင်းသားများနှင့် ကျောင်းသူ ကျောင်းသားများ သည် မြို့ အသီးသီး တွင် အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ယခုနှစ် အာဗါန်လ ၁၃ ရက်နေ့  (နိုဝင်ဘာလ ၃ရက်နေ့ ) သည်  ပါလက်စတိုင်းနှင့် လက်ဘနွန်တို့အပေါ် ဇီယွန်ဝါဒီတို့၏ ရန်စမှုများနှင့် အီရန်၏ အချုပ်အခြာအာဏာကို ဆန့်ကျင်သည့် ဇီယွန်အစိုးရ၏ တိုက်ခိုက်မှုများ သည် အထူးခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ချီတက် ဆန္ဒပြ ပွဲများတွင် ပါဝင်သူများသည် အမေရိကန် ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်ဝါဒ၊ နယ်ချဲ့ဝါဒ နှင့် ဇီယွန်ဝါဒီ အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပါတယ်။

ကျောင်းသားများသည် အစ္စလာမ်နှင့် အီရန်တို့ကို အကာအကွယ်ပေးရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြပါတယ်။ တီဟီရန်ရှိ ကျောင်းသားများသည် အမေရိကန်သူလျှိုအခြေစိုက်စခန်းရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဝါရှင်တန်၏  အာဏာရှင်ဝါဒ ၊ နယ်ချဲ့ ဝါဒ များကို ဆန့်ကျင်သည့် ကြွေးကြော်သံများ လွှင့်တင်ခဲ့ကြ ပါ တယ်။

အီရန် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ က အီရန်ပြည်သူများသည် စီးပွားရေးပိတ်ဆို့မှုများကို ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် ရင်ဆိုင်ကာ ခက်ခဲသောအဆင့်များကို ခွန်အားဖြင့် ကျော်ဖြတ်ခဲ့ကြောင်း ဂုဏ်ယူသည့်နေ့အခါသမယတွင် ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မှ ဆက်လက်ပြီး စစ်ပွဲကို အမေရိကန်က မနိုင်ခဲ့ကြောင်း စစ်အေးကာလတွင် ပြုလုပ်ခဲ့သည့်အတိုင်း အခြားသူများအပေါ် ၎င်း၏ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်မဟုတ်ကြောင်း အမေရိကန်က သဘောပေါက်နေပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဗါန်လ ၁၃ ရက်နေ့  (နိုဝင်ဘာလ ၃ရက်နေ့ ) အခမ်းအနားတွင် အီရန် ထိပ်တန်း အရာရှိများ ပါဝင်ကာ ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်ဝါဒ ၊ နယ်ချဲ့ ဝါဒ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက မိမိတို့၏ အမြင်တွေကို ထုတ်ဖော်ခဲ့ပြီး အီရန်ဟာ ကဏ္ဍပေါင်းစုံ မှာ အလွန်အားကောင်းလာပြီး အမေရိကန်လို ကမ္ဘာ့အင်အားကြီးနိုင်ငံရှေ့မှာ ရပ်တည်နေတယ်လို့ ပြောဆိုခဲ့ ပါတယ်။

ချီတက်ပွဲအတွင်း တော်လှန်ရေး သီချင်းများ သီဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ အပါအဝင် တက်ရောက် လာသူအားလုံးက နိုင်ငံတော်သီချင်းကို အတူတကွ သီဆိုခဲ့ကြပါတယ်။

ဆန္ဒပြဖော်ထုတ်မှုတွင် ပါဝင်သည့် ကျောင်းသားများက  မိမိတို့၏ အတွေးအမြင်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး "ဂါဇာရှိ ကျောင်းသားများနှင့် အတူတူရှိနေမှုကို ပြသရန် ကျွန်ုပ်တို့ ချီတက်လာပါပြီ" " ကျွန်ုပ်တို့သည် တော်လှန်ရေးနှင့်အတူ ဖိနှိပ်သူအစ္စရေးတို့ ချေမှုန်းခြင်းတိုင်အောင် တွန်းလှန်ကြမည် " ဟု ပြောကြားခဲ့ပါတယ်။

.........................................................................

END / 251