၄ နိုဝင်ဘာ ၂၀၂၄ - ၁၅:၁၉
ဇီယွန်ဝါဒီ စစ်အခြေစိုက်စခန်းကို ဟစ်ဘွလ္လာဟ် က ပြင်းပြင်းထန်ထန် တိုက်ခိုက်

ဟစ်ဘွလ္လာဟ် အဖွဲ့သည် Miron ၏ ဇီယွန်ဝါဒီ စစ်အခြေစိုက်စခန်းအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန် တော်လှန်ရေး အဖွဲ့အစည်း ဟစ်ဘွလ္လာဟ် သည် သိမ်းပိုက်ထားသော နယ်မြေများရှိ ဇီယွန်ဝါဒီ ကာကွယ်ရေး တပ်ဆင်များနှင့် စစ်အခြေစိုက် စခန်းများကို ဒုံးကျည်များ ရောကက် များ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Maher သတင်းဌာနက ပါလက်စတိုင်း မီဒီယာကို ကိုးကား၍ ပြောကြားခဲ့ပါတယ်။

သတင်းများအရ ဟစ်ဘွလ္လာဟ် သည် အစ္စရေး သိမ်းပိုက်ထားသော Shaal၊ Hatsur နှင့် Dalton မြို့များတွင် ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ကြောင်း သိရတယ်။

ဇီယွန်နစ်သတင်းရင်းမြစ်များ၏ အဆိုအရ ဇီယွန်နစ်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဟစ်ဘွလ္လာဟ် ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံပြီး နောက် ဇီယွန်ဝါဒီ အာဏာပိုင်များ၏ မျှော်မှန်းချက်များ နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ဟစ်ဘွလ္လာဟ် ၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာကြောင်း သတိပြု သင့်ပါ တယ်။

အစ္စရေးစစ်တပ်သည် ဟဇ်ဘွလ္လာဟ် နှင့် ပါလက်စတိုင်း ကြံ့ကြံ့ခံ ခုခံရေး အဖွဲ့ တို့ ၏ တိုက်ခိုက်မှုများကြောင့် လူအင်အား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။ ဇီယွန်နစ်သတင်းစာ Yediot Aharonot က ဇီယွန်စစ်တပ်သည် လက်ရှိတွင် လူ ၇၀၀၀ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုထားပါတယ်။

လူအင်အားနည်းပါးမှုကြောင့် မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ်များတွင် ခုခံတိုက်ခိုက်မှုများကို ရပ်တန့်ရန် ဇီယွန်စစ်တပ်အတွက် ခက်ခဲမှုကို ဖြစ်နေကြောင်း သိရှိ ရပါတယ်။

.......................................................

END / 251