၈ နိုဝင်ဘာ ၂၀၂၄ - ၁၁:၃၁
ဂါဇာတွင် ဇီယွန်ဝါဒီ များ၏ ရက်စက်ကြမ်းကြုတ်မှုများ ဆက်ရှိနေပြီး ပါလက်စတိုင်း ဒါဇင်နဲ့ချီပြီး ရှဟီးဒ် ဖြစ်

ဂါဇာကမ်းမြောင်ဒေသအသီးသီးမှာ ဇီယွန်အစိုးရရဲ့ တိုက်ခိုက်မှုအတွင်း နောက်ထပ် ပါလက်စတိုင်း ဒါဇင်နဲ့ချီ ပြီး ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် ပါလက်စတိုင်းမီဒီယာများ၏အဆိုအရ ဇီယွန်ဝါဒီအစိုးရသည် ဂါဇာမြောက်ပိုင်းရှိ Jabalia စခန်းအား ပြင်းထန်စွာတိုက်ခိုက်နေပြီး အနည်းဆုံး လူ ၂၇ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ဒဏ်ရာရသူအရေအတွက်မှာ ပိုမိုများပြားလာသည်ဟု သိရပါတယ်။

ဇီယွန်နစ်လေတပ်သည် ဂါဇာမြောက်ပိုင်းရှိ ဒုက္ခသည်များအသုံးပြုသည့် စာသင်ကျောင်းတစ်ခုကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ပါလက်စတိုင်းသတင်းရင်းမြစ်များ၏ အဆိုအရ ဂါဇာကမ်းမြောင်တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဇီယွန်စစ်တပ်၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဇီယွန်နစ် လေတပ်၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် (ခ) အာဇာနည် ၁၂ ဦးနှင့် အခြား အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့ကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသအသီးသီးတွင် အာဇာနည် ၅၂ ဦးနှင့် ၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

.......................................................

END / 251