၁၀ နိုဝင်ဘာ ၂၀၂၄ - ၁၅:၄၄
ဒမတ်စကတ်မြို့  ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် အနီး ဇီယွန်ဝါဒီများ ၏ တိုက်ခိုက်မှု + ဓာတ်ပုံနှင့် ဗီဒီယို

ဒမတ်စကတ်မြို့တောင်ဘက်ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် အနီးရှိ ဟိုတယ်တစ်ခုအား ဇီယွန်ဝါဒီ (ခ) အစ္စရေး အစိုးရ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ဆီးရီးယားသတင်းရင်းမြစ်များက ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒမတ်စကတ်မြို့  ဇိုင်နဗ်ဗီယဟ်  ဧရိယာတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယား သတင်းရင်းမြစ်များ က ဖော်ပြကြပါတယ်။

အဆိုပါ ပေါက်ကွဲမှုများသည် ဒမတ်စကတ်တောင်ဘက်ရှိ ဇိုင်နဗ်ဗီယဟ် ဧရိယာတွင် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှု၏ ရလဒ်ဖြစ်ပြီး လူနေအဆောက်အအုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

အချို့သော သတင်းရင်းမြစ်များက လူပေါင်းများစွာ၏ ရှဟီးဒ် ဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြကြပါတယ်။

ဆီးရီးယား နိုင်ငံ ၏ မြို့တော် ဒမတ်စကတ်မြို့ တောင်ဘက်ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် အနီးရှိ ဟိုတယ်တစ်ခုအား ဇီယွန်ဝါဒီ (ခ) အစ္စရေး အစိုးရ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ဆီးရီးယား သတင်းရင်းမြစ် များက ဆိုပါတယ်။

တစ်ချိန်တည်းမှာပင် “Israel Hum” မဂ္ဂဇင်းက ဆီးရီးယားသမ္မတ ပရှားရ် အစဒ် ထံ ခြိမ်းခြောက်စာများ ပေးပို့ခြင်းဖြင့် အစ္စရေးက ၎င်း၏မြေမှ လက်ဘနွန်သို့ လက်နက်များ လွှဲပြောင်းခြင်းအား ဟန့်တားရာတွင် ပူးပေါင်း ဆောင်ရွက်ခြင်းမပြုပါက ၎င်း၏ကံကြမ္မာသည်  ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အတူတူပင် ဖြစ်လိမ့်မည်ဟု  ကြေညာခဲ့ကြေင်း သိရပါတယ်။


.......................................................

END / 251