၁၂ နိုဝင်ဘာ ၂၀၂၄ - ၁၀:၃၅
ဘေရွတ်တွင် ကျဆုံးခဲ့သည့် ပထမဆုံး ဆော်ဒီ ဆရာဝန် ရှဟီးဒ် အတွက် မဂျ်လစ် ပြုလုပ် + ဓာတ်ပုံ

လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဘွလ္လာဟ် အဖွဲ့ကို ထောက်ခံသူများသည် လွန်ခဲ့သောနှစ်ရက်က လက်ဘနွန် တောင်ပိုင်းတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့သော ဆော်ဒီဆရာဝန်လူငယ်အတွက် မဂျ်လစ် ပြုလုပ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်တွင်နေထိုင်သော ဆော်ဒီနိုင်ငံသား ရှီအဟ် သွားဆရာဝန်တစ်ဦးဖြစ် သည့် ဒေါက်တာ အင်န်မရာမ် အဲဟ်မဒ် အလ်မဂ်စိုလ် သည် ဂန်ဒူရီယဟ် ဒေသတွင် ဇီယွန်အစိုးရ၏ တိုက်ခိုက်ရေးသမားများ၏ ရက်စက် ကြမ်းကြုတ်သောတိုက်ခိုက်မှုတွင်  ရှဟီးဒ်  ဖြစ်ခဲ့ပါတယ်။

ဤအာဇာနည်သည် အာလေ့ စအူးဒ် အစိုးရ၏ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော ဆော်ဒီ ရှိ ဟစ်ဘွလ္လာဟ် လှုပ်ရှားမှု၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် အဲဟ်မဒ် အီဗရာဟီးမ် အလ်မဂ်စိုလ် ၏ သားဖြစ်ပါတယ်။ ဤအဆင့်မြင့်  ရှဟီးဒ် ဒေါက်တာ အင်န်မရာမ် အဲဟ်မဒ် အလ်မဂ်စိုလ် သည်ကွမ်း မြို့တွင်မွေးဖွားခဲ့ပြီး ဆော်ဒီ အာရေဗျနိုင်ငံ ကသီးဖ် မြို့တွင် ကြီးပြင်းသူ ဖြစ်ပါတယ်။


သူသည် လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်ရာ လာသည့် အချိန်တွင် ဟစ်ဘွလ္လာဟ် အဖွဲ့ မှ အသက်ပေး ခုခံ တိုက်ခဲ့ သည့် ပထမဆုံး ဆော်ဒီနိုင်ငံသားဖြစ်ပါတယ်။

ဟစ်ဇ်ဘွလ္လာဟ် ကို ထောက်ခံသည့် အကောင့်များနှင့် ဆော်ဒီရှီအာ အတိုက်အခံများနှင့် ဆက်စပ်နေသည့် အကောင့်များက ဟစ်ဘွလ္လာဟ် ကို ထောက်ခံသူများထဲမှ “အင်န်မရာမ် ကရီးမ် ” ဟု သိကြသည့် ဆရာဝန် အင်န်မရာမ် အဲဟ်မဒ် အလ်မဂ်စိုလ် သည် လက်ဘနွန် တောင်ပိုင်းတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ်သွားကြောင်း ကြေညာခဲ့ပါတယ်။

Tawar Al-Nimr ၏အသုံးပြုသူအကောင့်သည် ၎င်း၏အာဇာနည်နေ့ကိုရည်ညွှန်းသည့်ပို့စ်တစ်ခု၌ ရေးသားခဲ့ သည် မှာ - ကြံ့ကြံ့ခံခုခံရေးသမားများ ဂျေရုဆလင် မြို့သို့ ချီတက်သောအခါ မြေကြီးပေါ်၌ သူတို့၏ နောက်ဆုံးခြေလှမ်းများပင်လျှင် ဖြစ်ပါစေ အောင်ပွဲမှတပါး တခြား ဘာကိုမျှမသိကြကြောင်း  သူတို့ ရှဟီးဒ် ဖြစ်သွား ၍ မရှိတော့ပေမယ့် သူတို့ရဲ့ ရူးဟ်များက အနာဂတ်အောင်ပွဲ များ ကိုတင်ပြ ကြမည်ဖြစ်ကြောင်း ဖြစ်ပါတယ်။

အခြား အသုံးပြုသူတစ်ဦးက ဤအာဇာနည်၏ အုတ်ဂူကို ဓာတ်ပုံရိုက်ပြီး မိမိခံစားချက် ကို  ရေးသားပြီး ဒီ ကဗရ် ပေါ်က ဖယောင်းတိုင်တိုင်းဟာ ဘယ်တော့မှ မသေနိုင်တဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေရဲ့ ဇာတ်လမ်းကို ပြောပြပါနေတယ်ဆိုပြီး ဆိုထားပါတယ်။

ဤရှဟီးဒ် ဖခင်မှာ ဆော်ဒီတက်ကြွလှုပ်ရှားသူ အဲဟ်မဒ် အီဗရာဟီးမ် အလ်မဂ်စိုလ် ဖြစ်ပါတယ်။ လက်ဘ   နွန်နိုင်ငံသူ တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး လက်ဘနွန်နှင့် ဆော်ဒီလုံခြုံရေးဝန်ဆောင်မှုများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၅ ခုနှစ်တွင် ဘေရွတ်တွင် ပြန်ပေးဆွဲခံရသည်အထိ ပုန်းအောင်းနေထိုင်ခဲ့ပြီး ရီယာ့ဒ်သို့ ပြောင်းရွေ့ ခဲ့ပါတယ်။

အထူးသဖြင့် အလ်ခိုဗ်ရ် မြို့ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ လူနေအိမ်ခန်းအတွင်း ရေနံတင် သင်္ဘောဗုံး ဖောက်ခွဲမှု အများအပြားတွင် အလ်မဂ်စိုလ် သည် တိုက်ရိုက် ပါဝင်ခဲ့ကြောင်း ဆော်ဒီ အစိုးရက အခိုင်အမာ ပြောကြားထားပါတယ်။

ဆော်ဒီအာဏာပိုင်များသည် အဲဟ်မဒ် အီဗရာဟီးမ် အလ်မဂ်စိုလ် ၏အစ်ကို ဖွာဇေလ် အလ်မဂ်စိုလ် အား ဟစ်ဘွလ္လာဟ် အား ဂုဏ်ပြုသောကဗျာတစ်ပုဒ်ရေးခဲ့မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခဲ့ပါ တယ်။

.......................................................

END / 251