အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီး ပါလက်စတိုင်း ၊လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ၏ နောက်ဆုံးအခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။
စကားပြောဆိုချိန် အတွင်း သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပါလက်စတိုင်း နှင့် လက်ဘနွန် အခြေအနေများဆိုင်ရာ OIC အစည်းအဝေးကို ကျင်းပရန် ဖိတ်ခေါ် ပေးခဲ့သည့် ဆော်ဒီအာရေးဗီးယားကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
OIC ညီလာခံသည် ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်တို့တွင် ဆက်လက်ဖြစ်ပွားနေသော ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို ရပ်တန့်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းမှ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251