အာရှပါလီမန်လွှတ်တော် အထွေထွေအတွင်းရေးမှူး မိုဟမ္မဒ် ရေဇာ မဂျီးဒီ က အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း Maher သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။
တွေ့ဆုံစဉ် မိုဟမ္မဒ် ရေဇာ မဂျီးဒီ က ညီလာခံ၏ ဆောင်ရွက်ချက်များကို အီရန်နိုင်ငံခြားရေးဝန်ကြီးအား အသိ ပေးခဲ့ပါတယ်။
ညီလာခံတွင် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပြီး ညီလာခံသည် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဤအခါသမယတွင် နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် မတူညီသောနိုင်ငံများနှင့် နိုင်ငံများကြား ချိတ်ဆက်မှုနှင့် ဆက်ဆံရေးကို မြှင့်တင်ရာတွင် ပါလီမန်လွှတ်တော်၏ အရေးပါမှုနှင့် အခန်း ကဏ္ဍကို ထောက်ပြခဲ့ပါတယ်။ ဆက်လက်ပြီး အာရှနိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ညီလာခံသည် ယခင်ကထက် ပိုမိုအခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ပြောကြားခဲ့ပါတယ်။
.......................................................
END / 251