အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ရှားကြေးရာဂ် ၏ ရောင်ဇာတော် တွင် (၇) ကြိမ်မြောက် အာယာသွလ္လာဟ် ခါမေနာအီ ၏ နိုင်ငံတကာ ကုရ်အာန် အတွေးအမြင် ညီလာခံ ကိုကျင်းပခဲ့ပါတယ်။ ညီလာခံ တွင် မဂျ်မအ်အေ အိုလမာယေ လက်ဘနွန် ၏ အတွင်းရေးမှူး ရှိက်ခ် ဃာဇီ ယူစွဖ် ဟနီယေဟ် မှတက်ရောက် ကာ လက်ဘနွန်သည် ပါလက်စတိုင်းနှင့် ဂါဇာရှိ ပြည်သူများကို နှစ် ၅၀ ကျော် ကူညီပေးခဲ့ပြီး ဟစ်ဘွလ္လာဟ် တွင် သူရဲကောင်းများ ရှိကြောင်း လက်ဘနွန် နိုင်ငံ သည် ခုခံနိုင်ရည်ရှိပြီး ဂျေဟာဒ် ဝါဒီနိုင်ငံ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက ဆက်လက်၍ အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး ပြီးသည့်နေ့တွင် ကျွန်ုပ်တို့၏ ဂျေဟာဒ် များကို စတင်ခဲ့ပြီး၊ လက်ဘနွန်ပြည်သူများ၏ ဇီယွန်ဝါဒီများကို ဆန့်ကျင်သည့် ဂျေဟာဒ် များသည် ၁၄ လကြာ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရှိက်ခ် ဃာဇီ ယူစွဖ် ဟနီယေဟ် မှ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်ကဲ့သို့ ကြီးမားသော အာဇာနည်များနှင့် ၎င်း၏နှလုံးသားတွင် ခံနိုင်ရည်ရှိသော ခေါင်းဆောင်များရှိသည့် လက်ဘနွန်နိုင်ငံမှ လာသည် ဖြစ်ကြောင်း ခုခံမှု၏အကူအညီဖြင့် လက်ဘနွန်သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အမိန့်ကို လက်တွေ့ကျကျသရုပ်ပြခဲ့ပြီး ရှီအဟ် နှင့် စွန်နီများဖြစ်သည့် လက်ဘနွန်ပြည်သူအားလုံးသည် စည်းလုံးညီညွတ်မှုအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်လာပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ခေါ်သံကို နားထောင်ကာ အာရုံစိုက်ခဲ့ကြောင်း ကုရ်အာန် ကျမ်းတော်မြတ် ၏ အာယသ် တော်များ ဂရုပြုခဲ့ကြပြီး နှင့် အလ္လာဟ့် ကြိုးတော် ကို စွဲမြဲစွာ စွဲကိုင်ထားကြကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်၍ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်က ပါလက်စတိုင်းအား ခုခံကာကွယ်ရန်နှင့် ပါလက်စတိုင်း လူမျိုးများအား ခုခံကာကွယ်ရန် မိမိ ၏ဘဝတစ်ဝက်ကျော်ကို စတေးခဲ့ပြီး ကုရ်အာန်ကျမ်းနှင့် လက်ဘနွန်ပြည်သူများအား သင်ကြားပို့ချပေးခဲ့ကြောင်း အလေးပေးပြောကြားရင်း ဟစ်ဘွလ္လာဟ် နှင့် ဟားမတ်စ် တို့ ရှိ အစ္စလာမ်မစ် တော်လှန်ရေးသမားများသည် အာယာသွလ္လာဟ် ခါမေနာအီ ၏ လမ်းညွှန်ချက် များကို အမြဲ အာရုံစိုက်ကြ ကြောင်း လက်ဘနွန်သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ၏ လမ်းညွှန်ချက်များဖြင့် ရဲစွမ်းသတ္တိရရှိပြီး ခုခံခြင်းနှင့် ရပ်တည်မှုဖြင့် ဇီယွန်နစ်ဒေသများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ရှိက်ခ် ဃာဇီ ယူစွဖ် ဟနီယေဟ် မှ ဆက်၍ မိန့်ကြားသည် မှာ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ၎င်း၏ အာဇာနည်များ ၏ အာဇာနည် ဖြစ်သွားသည့် အတွက်ကြောင့် ခုခံမှု ၏ ခွန်အားနှင့် စွမ်းအားကို မတားဆီးနိုင်သကဲ့သို့၊ H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ရှဟီးဒ် ဖြစ်သွားပေမဲ့လည်း ကျွန်ုပ်တို့တွင် ကုရ်အာန်ကျမ်းတော်ရှိသရွေ့ ခုခံမှုကို ဟန့်တားမည်မဟုတ်ကြောင်း ကုရ်အာန်ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ကုရ်အာန်သည် ကျွန်ုပ်တို့၏ နှလုံးသား နှင့် စိတ်နှလုံးထဲတွင် ရှိနေကြောင်း အလ္လာဟ့် ၏ ကျမ်း နှင့် အတူ မိုဟမ္မဒ် (ဆွ) ၏ အ္န်မသ် ရှိနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ ဘယ်သောအခါမှ လုံးဝ ရှုံးမည် မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဤအစီရင်ခံစာအရ ဤအခမ်းအနား ဆက်လက်ကျင်းပသည့် (၇) ကြိမ်မြောက် အာယာသွလ္လာဟ် ခါမေနာအီ ၏ နိုင်ငံတကာ ကုရ်အာန် အတွေးအမြင် ညီလာခံ ၏ စုစည်းမှု စာတမ်းများကို ထုတ်ဖော်ပြသခဲ့ပြီး ရှားကြေးရာဂ် ၏ ရောင်ဇာတော် တွင် လုပ်ကြံခံခဲ့ရသည့် ရှဟီးဒ်များ နှင့် ခုခံကြံ့ခံရေး ရှဟီးဒ် များ ၏ ကဗဲရ်များပေါ်သို့ ပန်းမှာကြဲခဲ့ ပါတယ်။
ဤ ညီလာခံ ၏ ဒုတိယအပိုင်းမှာ ကုရ်အာန် ကို အဓိကထားပြီး (ယဉ်ကျေးမှုနှင့်မီဒီယာ) ၊ (ကုရ်အာန် ၊အနု ပညာ နှင့်ကျင့်ဝတ်များ) ၊ ( ကုရ်အာန်၊ နယ်ချဲ့ ဝါဒ ၊ အာဏာရှင်ဝါဒ နှင့် ကြံ့ကြံ့ခံ ခုခံ မှု ) ၊ (ကုရ်အာန် နှင့် အမျိုးသမီးများ) ခေါင်းစဥ်များ ဖြင့် ရှားကြေးရာဂ် ရောင်ဇာတော် ၏ ခန်းမအသီးသီးတွင် ကျင်းပခဲ့ ပြီး ယနေ့ ညနေပိုင်းတွင် ပြီးဆုံး ခဲ့ကြောင်း သိရှိရပါတယ်။
.......................................................
END / 251