အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အဆိုအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ကြေညာချက်ထုတ်ပြန်ပြောကြားသည် မှာ - ယီမင်တပ်ဖွဲ့များက စစ်ဆင်ရေးတစ်ခုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော Abraham အား ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အာရေဗျပင်လယ်ဒေသမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယစစ်ဆင်ရေးတွင် အမေရိကန် သင်္ဘောနှစ်စင်း သည် ပင်လယ်နီတွင် ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများဖြင့် အောင်မြင်စွာ ပစ်မှတ်ထား နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အခြားတစ်ဖက်တွင်မူ အမေရိကန်စစ်ဌာနဖြစ်သည့် ပင်တဂွန်က ယီမင်စစ်တပ်က အမေရိကန်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူက အန်ဆွာရိုလ္လာဟ် အနေဖြင့် အနည်းဆုံး မောင်းသူမဲ့ လေယာဉ် ၈ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ငါးစင်း ၊ သင်္ဘောဖျက် ဒုံးကျည်သုံးစင်း နှင့် Bab al-Mandab တွင် အမေရိကန်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဂျာနယ်လစ်များနှင့် စကားပြောစဉ် ပြောကြားခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရန်စမှုများ ဆက်လက်ရှိနေသရွေ့ ဇီယွန်အစိုးရကို ကူညီမည့် သင်္ဘောများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ယီမင်တပ်ဖွဲ့များက ကြေညာထားပါတယ်။
.......................................................
END / 251