၁၄ နိုဝင်ဘာ ၂၀၂၄ - ၁၉:၂၂
အကြမ်းဖက်သမား ဇီယွန်အစိုးရသည် ဆီးရီးယားကို ထပ်မံတိုက်ခိုက်

ဆီးရီးယားနိုင်ငံ ဟွမ်စ် မြို့မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို နောက်ဆက်တွဲ အသက်သွင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားရန် ကြိုးစားစဉ် ဟွမ်စ် မြို့၏ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း Sahar News နှင့် Alam Islam သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။

 

ဆီးရီးယားစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဖြန့်ချထားချိန်တွင် လေကြောင်းတိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေး ကြောင်း သိရပါတယ်။

ထို့ပြင် ဗုဒ္ဓဟူးနေ့ကလည်း ဆီးရီးယားစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် တန်ပြန်ခဲ့သည့် ဟွမ်စ်  ၏ အနောက်တောင်ဘက်တွင် တည်ရှိသော အလ်ကိုင်းဆရ် ဟုခေါ်သော ဧရိယာကို ဇီယွန်ဝါဒီအဖွဲ့၏ လေကြောင်းမှ ဗုံးကြဲရန် ကြိုးစားခဲ့ကြောင်း သိရပါတယ်။

တနင်္လာနေ့အစောပိုင်းကလည်း ဇီယွန်ဝါဒီ အကြမ်းဖက်သမားများသည် ဟွမ်စ်  တောင်ဘက်ရှိ အလ်မဂျ်ဒ် ဟုခေါ်သော ဧရိယာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကလည်း ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မြို့  ဆယက်ဒ်ဒဟ်ဇိုင်နဗ်ဗီယဟ် ဆင်ခြေဖုံးရှိ လူနေအဆောက်အအုံတစ်ခုကို ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူကိုးဦး သေဆုံးခဲ့ပါတယ်။

ဆီးရီးယားအစိုးရသည် ကုလသမဂ္ဂနှင့် ၎င်း၏လုံခြုံရေးကောင်စီတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂက ယခုအချိန်အထိ ဇီယွန်ဝါဒီအုပ်စုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ ပါတယ်။

.......................................................

END / 251