၁၆ နိုဝင်ဘာ ၂၀၂၄ - ၂၂:၃၁
အစ္စရေး၏ Iron Dome စနစ် ထပ်မံမအောင်မြင်သဖြင့် ဟစ်ဇ်ဘွလ္လာဟ် ဒရုန်းများ ပစ်မှတ်သို့ရောက်ရှိ

လက်ဘနွန်၏ ဟစ်ဘွလ္လာဟ် မောင်းသူမဲ့ လေယာဉ်များသည် သိမ်းပိုက်ထားသော ပါလက်စတိုင်း မြောက်ပိုင်း နယ်မြေထဲသို့ တစ်ဖန် ဝင်ရောက်နိုင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အဆိုအရ လက်ဘနွန် ဟစ်ဘွလ္လာဟ် မှ မောင်းသူမဲ့လေယာဉ်နှစ်စင်းသည် ပါလက်စတိုင်း မြောက်ပိုင်းတွင် သိမ်းပိုက်ထားသော Al-Jalil al-Gharbi လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာကြောင်း ယနေ့တွင် ဇီယွန်စစ်တပ်က ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်က လိုက်ရှာခဲ့ပါတယ်။

လက်ဘနွန် ဟစ်ဘွလ္လာဟ် ၏ မောင်းသူမဲ့ လေယာဉ်များကို ကြောက်ပြီး ဇီယွန်ဝါဒီများ အထိတ်တလန့်ဖြစ်ကာ နှိုးဆော် ဥသြသံများ မြည်လာသည်ဟု ဇီယွန် မီဒီယာမှ ကြေငြာခဲ့ ပါတယ်။

Ras Naqura နှင့် Nahariya တို့တွင် နှိုးဆော် ဥသြ သံများ မြည်လာ ကြောင်း အဆိုပါမီဒီယာများက ကြေညာခဲ့ ပါတယ်။

သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းမြို့ မြောက်ဘက်ရှိ Akka ၏ မြောက်ဘက်ရှိ Golani တပ်မဟာဌာနချုပ်ကို ဟစ်ဘွလ္လာဟ် က အောင်မြင်စွာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောက်ဆုံးသတင်းများတွင် ဖော်ပြထား ပါတယ်။

.......................................................

END / 251