၁၇ နိုဝင်ဘာ ၂၀၂၄ - ၁၈:၄၃
ဟစ်ဘွလ္လာဟ် ၏ မီဒီယာအကြီးအကဲ မိုဟမ္မဒ် အဖီးဖ် သည် အကြမ်းဖက် သမား ဇီယွန်ဝါဒီ အစ္စ‌ရေး ၏ ဗုံးကြဲတိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ်

ဟစ်ဘွလ္လာဟ် ၏ မီဒီယာအကြီးအကဲ မိုဟမ္မဒ် အဖီးဖ် သည် အကြမ်းဖက် သမား ဇီယွန်ဝါဒီ အစ္စ‌ရေး ၏ ဘေရွတ်မြို့ရှိ Ras al-Naba အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ ရှဟီးဒ် ဖြစ်သွားရကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ ဖော်ပြချက်အရ ဟစ်ဘွလ္လာဟ် ၏ မီဒီယာအကြီးအကဲ မိုဟမ္မဒ် အဖီးဖ် သည် အကြမ်း ဖက် သမား ဇီယွန်ဝါဒီ အစ္စ‌ရေး ၏ ဘေရွတ်မြို့ရှိ Ras al-Naba အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့  ရှဟီးဒ် ဖြစ်သွားရကြောင်း သိရှိရပါတယ်။

လက်ဘနွန်ရှိ ဆီးရီးယား အာရပ်ဆိုရှယ်လစ် ဗအ်စ် ပါတီ ၏ အထွေထွေ အတွင်းရေးမှူး အလီ ဟီဂျာဇီ သည် ဟစ်ဘွလ္လာဟ် ၏ မီဒီယာအကြီးအကဲ မိုဟမ္မဒ် အဖီးဖ် ၏ အာဇာနည် (ရှဟီးဒ်) ဖြစ် ကြောင်း အတည်ပြု ပြောကြား ရင်း မိုဟမ္မဒ် အဖီးဖ် သည် ဤအဆောက်အဦးသို့ ရုတ်တရက် မထင်မှတ်ဘဲ ရောက်လာပြီး ပြင်းထန်စွာ ဗုံးကြဲဒဏ်ကြောင့် ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဗုံးကျဲတိုက်ခိုက်ချိန်တွင် ဆီးရီးယားနိုင်ငံ ဗအ်စ် ပါတီ၏ အတွင်းရေးမှူးချုပ်သည် အဆောက်အအုံတွင် မပါဝင်ခဲ့ သော်လည်း ယခုဗုံးခွဲမှုတွင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ်  ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ မီဒီယာ အကြံပေး နှင့် ဟစ်ဘွလ္လာဟ် ၏ မီဒီယာအကြီးအကဲ မိုဟမ္မဒ် အဖီးဖ် မည်သူနည်း ?  

ရှဟီးဒ် မိုဟမ္မဒ် အဖီးဖ် သည် ၁၉၈၃ ခုနှစ်တွင် ဟစ်ဘွလ္လာဟ် နှင့်ပူးပေါင်းခဲ့ပြီး အဖွဲ့၏ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ပါတီဖွဲ့စည်းရာတွင် အစကတည်းက အရေးကြီးပြီး ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ဤအဖွဲ့အစည်း၏ အရေးပါသော ပုဂ္ဂိုလ်များကြားတွင် ထည့်သွင်း ရေတွက်ခြင်းခံရပါသည်။ ၂၀၁၄ ခုနှစ်တွင် ဟစ်ဘွလ္လာဟ်  ၏ မီဒီယာ အတွင်းရေးမှူး အဖြစ်ခန့် အပ်ခြင်း ခံ ရပါတယ်။ အထူးသဖြင့် ဇီယွန်ဝါဒီ အကြမ်းဖက် အစိုးရနှင့် စစ် ဖြစ်နေချိန်များတွင် ပါတီ၏သတင်းစကားများကို ပြည်တွင်း၌ သာမက နိုင်ငံတကာသို့ ဖြန့်ဝေရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ၏ မီဒီယာ ဆက်ဆံရေးကို တာဝန်ယူခြင်းမပြုမီတွင် ရှဟီးဒ် မိုဟမ္မဒ် အဖီးဖ် သည် ဟစ်ဘွလ္လာဟ် ၏ ရုပ်မြင်သံကြားချန်နယ် Al-Manar တွင် သတင်းနှင့် နိုင်ငံရေးအစီအစဉ်များ၏ ဒါရိုက်တာဖြစ်ခဲ့ပါတယ်။

ရှဟီးဒ် မိုဟမ္မဒ် အဖီးဖ် သည် ဟစ်ဘွလ္လာဟ် ၏ အရေးပါသော ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူဖြစ်ပါတယ်။ သူသည် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ်  ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ မီဒီယာအကြံပေးတစ်ဦးဖြစ်ပြီး ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ရှဟီးဒ် ဆယက်ဒ် အဘာစ် မူစဝီ ၏ ရင်းနှီးသောမိတ်ဆွေလည်းဖြစ်ပါတယ်။

.......................................................

END / 251