အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် Al-Manar အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် က မိမိ ၏မီဒီယာ အကြီးအကဲ မိုဟမ္မဒ် အဖီးဖ် ၏ အာဇာနည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းတိုက်ခိုက်မှု အတွက် အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ ကို လက်စားချေ ကို ချေ မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် က အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး မဟာမိုဂျာဟစ်ဒ် မိုဟမ္မဒ် အဖီးဖ် ၏ ရှဟာဒသ် အပေါ် ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး တပ်သားများ အား မိုဘာရတ်က် ပြောကြားခဲ့ပါတယ်။
ရှဟီးဒ် ဟာဂျ် မိုဟမ္မဒ် အဖီးဖ် အန်နာပလ်စီ သည် ၎င်း၏ ဘဝတစ်လျှောက်လုံး ပြည်သူများနှင့် ကြံ့ကြံ့ခံ ခုခံ တော်လှန် ရေး တပ်သားများ ကို အကျိုးပြုခဲ့ပြီး ရှဟာဒသ် ဘွဲ့ကို ခံယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ရှဟီးဒ် မိုဟမ္မဒ် အဖီးဖ် ၏ ဝန်ဆောင်မှုများ ကိုဘယ်တော့မှမေ့ပျောက်မည်မဟုတ်ကြောင်း ဟစ်ဘွလ္လာဟ် မှအလေးပေးပြောကြားခဲ့ပြီး ဇီယွန်နစ် အစိုးရသည် ဤသူရဲဘောကြောင် သောတိုက်ခိုက်မှု အတွက် တန်ဖိုး ပေးဆပ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ၏ မီဒီယာ အကြီးအကဲ မိုဟမ္မဒ် အဖီးဖ် သည် ဘေရွတ် ရှိ Ras al-Naba အား အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုတွင် မနေ့က ရှဟီးဒ် ဖြစ် သွားသည်ကိုသတိပြုသင့်ပါတယ်။
.......................................................
END / 251