၁၉ နိုဝင်ဘာ ၂၀၂၄ - ၀၅:၁၀
ပင်လယ်နီ အခြေအနေ၏ တကယ့်တာဝန်ခံ မှာ တီဟီရန်မဟုတ်ဘဲ ဝါရှင်တန်ဖြစ်ကြောင်း IMO အစည်းအဝေး တွင် အီရန်ကိုယ်စားလှယ် ပြောကြား

အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်း ၏ အစည်းအဝေးတွင် အနောက်နိုင်ငံများက ပင်လယ်နီတွင် တင်းမာမှုများ ကြောင့် အီရန်ကို အပြစ်တင်ခဲ့ပြီး ညီလာခံတွင် ပါဝင်ခဲ့သည့် အီရန်၏ လမ်းများနှင့် မြို့ပြဖွံ့ဖြိုးတိုး တက်ရေး ဒုဝန်ကြီးက ယင်းစွပ်စွဲချက်အားလုံးကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အဆိုအရ လန်ဒန်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း၏ အစည်းအဝေး မှာ အီရန်ရဲ့ အဝေးပြေးလမ်းနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လက်ထောက်ဝန်ကြီး အလီအက္ကဲဘရ် ဆဖာအီ က အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့၏  အီရန်အပေါ် စွပ်စွဲပြောဆိုမှုတွေကို IMO ရဲ့ နိုင်ငံတကာ ရပ်တည်ချက်ကို အလွဲသုံးစားလုပ်မှုအဖြစ် ခေါ်ဆိုခဲ့ပါတယ်။

အလီအက္ကဲဘရ် ဆဖာအီ က ယီမင်ပြည်သူတွေဟာ လွတ်လပ်ပြီး ထိရောက်တဲ့ အင်အားစုဖြစ်ပြီး ၎င်း တို့ရဲ့ ဆုံးဖြတ်ချက်၊ အကျိုးစီးပွားနဲ့ စိုးရိမ်မှုတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ဆောင်ရွက်ကြတဲ့အတွက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဟာ အနောက်နိုင်ငံတချို့ရဲ့ အခြေအမြစ်မရှိတဲ့ တောင်းဆိုမှုတွေကို ပယ်ချခဲ့ ပါတယ်။

ဒီလိုစွပ်စွဲမှုတွေ ပြုလုပ်ခြင်းအားဖြင့် ယီမင်နိုင်ငံအပေါ် အမေရိကန်စစ်တပ်ရဲ့ ရန်စမှုကို အကြောင်းပြပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ ယီမင်ရဲ့ နယ်မြေစိုးမိုးရေးကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးကို ပြတ်ပြတ်သားသား ခြိမ်းခြောက်နေတဲ့ သူတို့ရဲ့တရားမဝင် တိုက်ခိုက်မှုတွေကို တရားဝင် ဖြစ်အောင် ကြိုးပမ်းနေ တာ ဖြစ်ကြောင်း ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုအန္တရာယ် ဖြစ်အောင် ပြုနေတာ ဖြစ်ကြောင်း အလီအက္ကဲဘရ် ဆဖာအီ က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ဘနွန်နှင့် ပါလက်စတိုင်းတို့မှ အပြစ်မဲ့ပြည်သူများအား ဇီယွန်ဝါဒီအစိုးရ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အမေရိကန်၏ အပြည့်အဝထောက်ခံမှုတို့ဖြင့် ပင်လယ်နီ၏ လက်ရှိ အခြေအနေ၏ အရင်’ အမြစ်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ဤ အချက်သည် တစ်ကမ္ဘာလုံးအတွက် ရှင်းရှင်း လင်းလင်းဖြစ်လာပြီး ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နှင့် ၎င်းတို့၏ မိတ်ဖက်များသည် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများတွင် ပါဝင်ပတ် သက်နေကြောင်း အလီအက္ကဲဘရ် ဆဖာအီ က ပြောကြားခဲ့ပါတယ်။

မှတ်သားစရာမှာ ၁၃၃ ကြိမ်မြောက် နိုင်ငံတကာ ရေကြောင်းသွားလာရေးအဖွဲ့ ကော်မတီ အစည်းအဝေးကို နိုဝင် ဘာလ ၁၇ ရက်နေ့ တွင် လန်ဒန်တွင် ဖွင့်ပွဲ ပြုခဲ့တာ ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အဝေးပြေးလမ်းများဆိုင်ရာ ဒုဝန်ကြီး အလီအက္ကဲဘရ် ဆဖာအီ သည်လည်း ယခု အခါသမယတွင် အခြားနိုင်ငံမှ မိမိ ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပါတယ်။

.......................................................

END / 251