အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ABC Kabul၏ အစီရင်ခံစာ အရ အဇာဘိုင်ဂျန်နိုင်ငံတွင် ရှားရှားပါးပါးဖြစ်ရပ်တစ်ခုအဖြစ် စိတ်အားတက်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နှစ်ပေါင်း ၄၀ နီးပါး စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် မိခင်ဘဝ၏ ချိုမြိန်သောအရသာကို ခံစားခွင့်ရရှိခဲ့ပါတယ်။
နှစ်ပေါင်းများစွာ သားသမီးရရှိရန် မျှော်လင့်တောင့်တခဲ့သော အဆိုပါမိခင်သည် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှုဖြင့် ဒေါက်တာ နာတစ်ခ် မိုဟ်ရမ်အော့ဖ်၏ ကြီးကြပ်မှုအောက်တွင် ဆေးကုသမှုအဆင့်ဆင့် ခံယူပြီးနောက် ဘာကူးမြို့ရှိ ဆေးရုံတစ်ရုံတွင် မိမိ၏ရင်သွေးကို မွေးဖွားခဲ့ပါတယ်။
ဝမ်းမြောက်ဖွယ်ရာမှာ မိခင်နှင့် မွေးကင်းစကလေးငယ်တို့၏ ကျန်းမာရေးအခြေအနေမှာ လုံးဝကောင်းမွန်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment