၁၈ နိုဝင်ဘာ ၂၀၂၆ - ၁၁:၅၆
အယာမ်မေ ဖွာတွေမီယဟ် (စ.အ) ကို အသက်သွင်းခဲ့သူ အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) အား အထူးအောက်မေ့သတိရသင့်

သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ်နေ့ကို အာရှုရာနေ့ကဲ့သို့ အလေးအနက် ဝမ်းနည်းအောက်မေ့သည့် နေ့တစ်နေ့အဖြစ် အသက်သွင်းရန် ကြိုးပမ်းခဲ့ပြီး၊ အယာမ်မေ ဖွာတွေမီယဟ် (စ.အ) အစီအစဉ်ကို စတင်တည်ထောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) အား သခင်မကြီး (စ.အ) ကို ချစ်မြတ်နိုးသူတိုင်းက အထူးအောက်မေ့သတိရကာ မဂျ်လစ်ဇေ အဇါများနှင့် ကုရ်အာန်ခွာနီများ ပြုလုပ်ပေးသင့်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) သည် နေပြက္ခဒိန် (အီရန်သက္ကရာဇ်) အရ သက်တော် ၁၀၅ နှစ်နှင့် လပြက္ခဒိန် (ဟီဂျရီသက္ကရာဇ်) အရ သက်တော် ၁၀၉ နှစ် ရှိခဲ့ပါတယ်။

အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) သည် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်နေ့များကို ဂုဏ်ပြုလေးစားခြင်း၊ အဲဟ်လေ့ဘိုက် (သ) (အ.စ) များအတွက် ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားများ ကျင်းပခြင်းနှင့် ယင်းအခမ်းအနားများကို ပိုမိုကျယ်ပြန့်စွာ ပြန့်ပွားလာစေရေးတို့ကို အထူးအလေးထားခဲ့သူ ဖြစ်ပါတယ်။

အထူးသဖြင့် အယာမ်မေ ဖွာတွေမီယဟ် (ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) ၏ ရှဟာဒသ်အထိမ်းအမှတ် ဝမ်းနည်းပူဆွေးရာကာလ) အခမ်းအနားများကို ပြန့်ပွားစေရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ထို့အပြင် မိုဟရမ် နှင့် ဆဖရ်လများအတွင်း ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားများ ကျင်းပရန်သာမက ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ)၊ အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) နှင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟစ်စလာမ်) တို့၏ ရှဟာဒသ် နှစ်ပတ်လည်နေ့များတွင်လည်း ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားများ ကျင်းပကြရန် အလေးအနက် တိုက်တွန်းအားပေးခဲ့ပါတယ်။  ထို့ပြင် အဆိုပါ အထိမ်းအမှတ်နေ့များတွင် ကျင်းပပြုလုပ်သည့် ဝမ်းနည်းပူဆွေးလှည့်လည်ပွဲ(အလံထုတ်ခြင်း) များ၌လည်း ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ရ.ဟ)၏ သက်တော် မှ 
သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ချစ်မြတ်နိုးသူတိုင်းသည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) အား အထူးအောက်မေ့သတိရသင့်ပြီး၊ ၎င်း၏ ဂုဏ်ကျေးဇူးများကို အမှတ်ရလျက် မဂျ်လစ်ဇေ အဇါများနှင့် ကုရ်အာန်ခွာနီများ ပြုလုပ်ပေးသင့်ပါတယ်။

အကြောင်းမှာ အရှင်သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ်နေ့ကို အာရှုရာနေ့ကဲ့သို့ အလေးအနက် ဝမ်းနည်းကြေကွဲဖွယ် အောက်မေ့သတိရသည့် နေ့တစ်နေ့အဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့သူများအနက် တစ်ဦးဖြစ်သကဲ့သို့၊ အယာမ်မေ ဖွာတွေမီယဟ် (စ.အ) အစီအစဉ်ကိုလည်း စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။

ဂျမဒီယုစ်စာနီလ ၃ ရက်နေ့တွင် ကျရောက်သော သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ်အထိမ်းအမှတ်ကို အထူးဝမ်းနည်းကြေကွဲစွာဖြင့် အောက်မေ့သတိရနိုင်ရန်အတွက် ခရစ်နှစ် ၁၉၉၉ ခုနှစ် သို့မဟုတ် ၂၀၀၀ ခုနှစ် ပြည့်နှစ်မှစတင်၍ အာယာသွလ္လာဟ် အလ်အွဇ်မာ မီရ်ဇာ ဂျဝါဒ် သဗ်ရေဇီး (ရ.ဟ) နှင့်အတူ ပူးပေါင်းကာ လှည့်လည်အောက်မေ့ပွဲ (အလံထုတ်) အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။

ထိုသို့ လှည့်လည်အောက်မေ့ပွဲ (အလံထုတ်ပွဲ)  ပြုလုပ်ရာတွင် ဖိနပ်မစီးဘဲ ခြေဗလာဖြင့် ပါဝင်လှည့်လည်ခဲ့ကြပါတယ်။  ထိုမြတ်နိုးဖွယ် အောက်မေ့သတိရခြင်း အစီအစဉ်သည် ယနေ့တိုင် ဆက်လက်တည်ရှိနေပြီး၊ အင်န်ရှာအလ္လာဟ်၊ ကေယာမသ်နေ့တိုင်အောင်လည်း ဆက်လက်ရှင်သန်တည်ရှိနေမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha