၂၁ နိုဝင်ဘာ ၂၀၂၄ - ၀၇:၄၇
ဆီးရီးယား နိုင်ငံ ရှိ အမေရိကန် စစ်အခြေစိုက် စခန်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ကြောင့် နေရာအနှံ့ မီးခိုးများထွက်နေ

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက နေရာတော်တော်များများမှာ လုံခြုံရေး ထိခိုက်စေသည့် ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။Hasakah တောင်ပိုင်းဆင်ခြေဖုံးရှိ al-Shadadi မြို့ရှိ အမေရိကန် စစ်အခြေစိုက် စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း အပါအဝင် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News  နှင့် Al-Mayadeen ၏ အစီရင်ခံစာအရ Shahr al-Shadadi ရှိ Al-Jabsa အလုပ်သမားများ နေထိုင် ရာနေရာ ၌ ဆီးရီးယားစစ်ရေးလေ့ကျင့်မှု ပြုနေချိန် တွင် အမေရိကန်စစ်အခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ရပ်  ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Qamishli ၏ ဆင်ခြေဖုံးရပ်ကွက် Tal Dhahb ဘက်သို့ ဦးတည်နေသည့် ကားလေးစီးပါသည့် အမေရိကန် စစ်ယာဉ်တန်းကို ဆီးရီးယားစစ်တပ် စစ်ဆေးရေးစခန်းမှ ရပ်တန့်ထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဆိုထားပါတယ်။

ဤ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားသတင်းဌာနက Al-Omar ရေနံမြေ Deir Ezzor အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်မှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းမှာ ဆိုးရွားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဤအစီရင်ခံစာအရ ဤ အမေရိကန်စစ် အခြေစိုက်စခန်းမှနေ၍ အနက်ရောင်မီးခိုးငွေ့များ ထွက်လာသည်ကို မြင်တွေ့ရပြီး ဤအမေရိကန်စစ်အခြေစိုက်စခန်းတွင် တပ်စွဲထားသော လေယာဉ်ပစ်သေနတ်များသည် ဒုံးကျည် တိုက်ခိုက်မှုကို ဟန့်တားရန် ကြိုးစားသော်လည်း ယင်းကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ ကြောင်း သိရပါတယ်။

ဆီးရီးယားရှိ နေရာအများအပြားတွင် အကြမ်းဖက် အမေရိကန်စစ်တပ် ၏ တရားမဝင် အခြေစိုက်စခန်းများနှင့် ပုန်းအောင်းနေသည့် နေရာများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတိပြုသင့်ပါတယ်။

.......................................................

END / 251