၂၁ နိုဝင်ဘာ ၂၀၂၄ - ၁၆:၁၈
နေတန်ယာဟု သည် စစ် ရာဇ၀တ်သမား ဖြစ်၍ ဖမ်းဆီးရန် အတွက် နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ဝရမ်း ထုတ်

ဇီယွန်ဝါဒီ ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက် ဂဲလန့် တို့ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး ၎င်းတို့အား ဖမ်းဆီးရန် အမိန့်ပေးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင် ခံစာ အရ နယ်သာလန်နိုင်ငံ ဟိဂ် မြို့  အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် တရားရုံး (ICC) က ဇီယွန်အစိုးရ၏ ဝန်ကြီး နှင့် ကာကွယ်ရေး ဝန်ကြီးဟောင်းကို ဖမ်းဝရမ်း ထုတ်လိုက်ပါ တယ်။

အစိုးရရှေ့နေ ကရီးမ်ခန်း ၏ တောင်းဆိုပြီး ၆ လအကြာတွင် အဆိုပါဝရမ်းများကို ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဇီယွန်ဝါဒီ ၀န်ကြီးချုပ် နေတန်ယာဟုနှင့် ယိုအက် ဂဲလန့် တို့သည် ဂါဇာ တိုက်ခိုက်မှုများတွင် အရပ်သားများကို မကယ်တင်ဘဲ ငတ်မွတ်မှုကို စစ်လက်နက်အဖြစ် ဖန်တီးခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီ ၀န်ကြီးချုပ်ဟောင်းနှင့် စစ်ဝန်ကြီးဟောင်းတို့သည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့ မှ စ၍ ယနေ့ ထိ  အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟု မှတ်ချက်ချခံ ထားရပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများအတွက် အစ္စရေး ခေါင်းဆောင်များ ကို တရားဥပဒေအရ အရေးယူရန် နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်အတော်ကြာ တောင်းဆို နေခဲ့ ခြင်း ဖြစ်ပါတယ်။

တောင်အာဖရိကကလည်း အစ္စရေးခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲထား ပါတယ်။

ယခုအချိန်အထိ ပါလက်စတိုင်း ၄၃ဝဝဝ၉၈၅ ဦး ကို ရက်ရက်စက်စက် သတ် ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် ဖိနှိပ်ချုပ်ချယ်သော ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပါလက်စတိုင်း ၉၄ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရပါတယ်။

သေဆုံးရှဟီးဒ် ဖြစ်သွားသူ များ နှင့် ဒဏ်ရာ ရရှိသူများ တွင် အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြပါ တယ်။

.......................................................

END / 251