အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ပါကစ္စတန် နိုင်ငံ ခိုင်ဗရ် ပက်ခ်သူန်ခွာ ခရိုင် မှာ ရှိတဲ့ ကရမ် ဒေသ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူများ ၏ ရှဟီးဒ် ဖြစ်သွားသည့် အတွက် ပါကစ္စတန် အစိုးရ နှင့် ရှဟီးဒ်များ ၏ ကျန်ရစ်သူ မိသားစု ဝင်များ အား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှု တွင် လူဒါဇင်ပေါင်းများစွာ ရှဟီးဒ် ဖြစ် ဒဏ်ရာရခဲ့သည့် အတွက် ပါကစ္စတန်အစိုးရနဲ့ အာဇာနည်မိသားစုဝင်တွေကို ဝမ်းနည်းကြောင်း ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မည်သည့်အခြေအနေမျိုးတွင်မဆို အကြမ်းဖက်ဝါဒကို လက်ခံနိုင်မည်မဟုတ်ကြောင်း ဤကဲ့သို့ ထိလွယ်ရှလွယ် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီရန်ဟာ ပါကစ္စတန် အစိုးရ နှင့် အာဇာနည် မိသားစုဝင်များနှင့် အတူ အကြမ်းဖက်ဝါဒ ကို ဆန့်ကျင်တိုက်ဖျက်မယ့် နိုင်ငံများ မှ ဖြစ်ပါကြောင်း အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။
အစောပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန် အစိုးရပြောရေးဆိုခွင့်ရှိသူတို့ မှလည်း ပါကစ္စတန်အစိုးရနှင့် အာဇာနည်မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ သည်ဟု သိရှ်ရပါတယ်။
.......................................................
END / 251