အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency နှင့် အလ်အဟစ်ဒ် တို့၏ အစီရင် ခံစာ အရ ဟစ်ဘွလ္လာဟ် အဖွဲ့ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် က ဇီယွန်ဝါဒီအစိုးရ နှင့် ခုခံ တော်လှန်ရေးသမား များကြား ဖြစ်ပွားနေသည့် စစ်ပွဲအကြောင်း ကို မိမိ ၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်မှာ - ရန်သူ အား ဘေရွတ်ကို နောက်ထပ် တိုက်ခိုက်ဖို့ ခွင့်မပြုတော့မည် ဖြစ်ကြောင်း ဖြစ်ပါတယ်။
H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ ကျဲဟ်လွန်မ် ပြီးသွားသည်မှာ တစ်ပတ်ကျော်သွားပြီး ဖြစ်ကြောင်း ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သည် အသိသတိ ရှိသူ တစ်ဦး ၊ တွေးခေါ်တတ်သည့် ခေါင်းဆောင်တစ်ဦး နှင့် အလ္လာဟ် လမ်း အတွက် ကျွန်ုပ်တို့ နှင့် အတူ ခရီးသွားခဲ့သူ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သည် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ညာလက်ရုံး ဖြစ်ကြောင်း ၎င်း ၏ ရှဟာဒသ် နောက်ပိုင်းတွင်လည်း ၎င်း ၏ လမ်းစဥ် သည် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရှဟီးဒ် မိုဟမ္မဒ် အဖီးဖ် အန်နပိုလစီ သည် ခုခံမှုလမ်းကြောင်းတွင် မိမိ အသက်ကို စတေးခဲ့ပြီး မီဒီယာမျက်နှာစာတွင် ဇီယွန်ဝါဒီဝါဒကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့သူ ဖြစ်ကြောင်း ဇီယွန်ဝါဒီ အစိုးရသည် မိမိ ၏ တိုက်ခိုက်မှု နယ်ပယ်ကို ချဲ့ထွင်ခဲ့ကြောင်း ကျွန်ုပ်တို့ အနေဖြင့်လည်း ရန်သူ အတွက် အဖြေ ကို တဲလ်အဗစ်မြို့ အလယ်ပိုင်းမှာ ပေးသွားမယ်ဖြစ်ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ပြောကြားခဲ့ပါတယ်။
မိမိတို့ အနေဖြင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အပြုသဘောဖြင့် အဖြေပေးခဲ့သော်လည်း ကျွန်ုပ်တို့၏ ခေါင်းဆောင်ကို လုပ်ကြံ ခဲ့ကြကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့သည် အချိန်အနီးငယ် တုန်လှုပ်သွားခဲ့သော်လည်း အဖွဲ့အစည်းသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဖြစ်ကြောင်း ကျွန်တော်တို့ထံ တွင် လူအင်အား မနည်းကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရရှိထားကြောင်း အသေးစိတ် အချက်အလက်များ ကို လေ့လာပြီးနောက် ကျွန်ုပ်တို့ သည် အဖြေ ပေးမည် ဖြစ်ကြောင်း သို့သော် အခုချိန် ထိ မှတ်ချက် မချ ရသေးကြောင်း ရှည်လျားတဲ့စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မိမိတို့ အနေဖြင့် စစ်ပွဲ အတွက် ညှိနှိုင်း ဆွေးနွေး မှုကို ဆက်လက် ပြုသွားမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ အနေဖြင့် အောင်ပွဲ ခံမည် သို့မဟုတ် ရှဟီးဒ် ဘွဲ့ကို ခံယူမည် ဖြစ်ကြောင်း မိမိတို့ အနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို သိက္ခာ မဲ့ အရှက်ကွဲခြင်းကို လက်ခံ မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ဒဏ် ကို ခံရသည့် လက်ဘနွန် စစ်ဘေးဒုက္ခသည်များအား ဟစ်ဘွလ္လာဟ် အဖွဲ့ အနေဖြင့် မိမိတို့ ၏ စွမ်းအင်အရ ကူညီပေးမည်ဖြစ်ကြောင်း အရ ဟစ်ဘွလ္လာဟ် အဖွဲ့ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251