အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အဆိုအရ Pakistan Tehreek-e-Insaaf ( PTI ) ၏ ဆန္ဒပြမှုကြောင့် အစ္စလာမာဘတ်၏ အဝေးပြေး လမ်း များကို နေရာအမျိုးမျိုးမှ ကွန်တိန်နာများထားရှိခြင်းဖြင့် ပိတ်ဆို့ခဲ့ပါတယ်။
D Chowk တွင် ထိန်းသိမ်းထားသည့် ကွန်တိန်နာများတွင်လည်း အင်အားအမြောက်အများ ဖြန့်ကျက်ချ ထားကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ ၊ FC အဖွဲ့ ၊ ပန်းဂျဗ် ရဲတပ်ဖွဲ့ နှင့် ရိန်းဂျားတပ် များ အား D Chowk တွင် အပြင်း အထန် တပ်ဖြန့်ထား ပါတယ်။
PTI ၏ နိုဝင်ဘာ ၂၄ ရက်က ဆန္ဒပြမှုပြုလပ်မည် ဖြစ်သည့် အတွက် ကြောင့် ရာဝန်ပင်ဒီ မှ အစ္စလာမ် မာဘတ် သို့ လမ်းအားလုံးကို ပိတ်ဆို့ထားပါတယ်။
ဖိုသ်စလ်ပတ် တွင် ကွန်တိန်နာများထားရှိကာ လမ်းများကို ပိတ်ဆို့ထားပြီး Rawat T Chowk မှ Islamabadအစ္စလာမ်ပတ် သို့ သွားသည့် လမ်းများကိုလည်း ပိတ်ထားပါတယ်။ လမ်းများ ပိတ်ထားခြင်းကြောင့် ပြည်သူများအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။
အစ္စလာမ်မာဘတ်မှ ပီရှာဝါသို့ ကားလမ်း M1 ကို ပိတ်ထားသည်။ အစ္စလမ်မာဘတ်မှ လာဟိုးသို့ ကားလမ်း M2 ကိုလည်း ပိတ်ထားခဲ့ပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် မက်ထရိုဘတ်စ်ကား ဝန်ဆောင်မှုများကိုလည်း ရပ်ဆိုင်းထားသည်။ ဖိုသ်စလ်ပတ် ရှိ ဘတ်စ်ကားမှတ်တိုင်အားလုံးကို တူးမြောင်းများ တပ်ဆင်ခြင်းဖြင့် ပိတ်ထားပါတယ်။
ယနေ့ အလာမဟ် အစ်က်ဗါလ် တက္ကသိုလ် စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ နိုင်ငံ၏အခြေအနေအရ ပေါ်လီဆေးခန်းဆေးရုံတွင် ပြင်းထန်သောသတိပေးချက်ထုတ်ပြန်ထားပြီး အရေးပေါ်ဝန်ဆောင်မှုကိုလည်း မြင့်မား စွာ သတိပေး ထားပါတယ်။
Polyclinic ဆေးရုံ၏ အရေးပေါ် ဝန်ထမ်းများ၏ ခွင့်ရက်ကို ဖျက်သိမ်းခဲ့ပြီး လူနာတင်ယာဉ် ဝန်ဆောင်မှုကိုလည်း သတိရှိရန် ညွှန်ကြားထားပါတယ်။
.......................................................
END / 251